အမေ့နေ့အထိမ်းအမှတ် သံဃာအပါး ၁၀၀ ကျော် ဆွမ်းလောင်းလှူပွဲ ပုံရိပ်များ

A d v e r t i s e m e n t With Us

January 9, 2020

အမေ့နေ့အထိမ်းအမှတ် သံဃာအပါး ၁၀၀ ကျော် ဆွမ်းလောင်းလှူပွဲ ပုံရိပ်များ

ပြာသိုလပြည့် အမေ့နေ့ အထိမ်းအမှတ်အဖြစ် မုံရွာမြို့ ဓမ္မရံသီမိုးကုတ်ဆရာတော် ဥူးသုနန္ဒ ဦးဆောင်ပြီး သံဃာအပါး ၁၀၀ ကျော် ဆွမ်းလောင်းလှူပွဲကို ဇန်နဝါရီလ ၉ ရက်နေ့ မနက်ပိုင်းက မုံရွာမြို့၊ ဗန္ဓုလလမ်းမှာ ပြုလုပ်ခဲ့ပါတယ်။  အမေ့နေ့အထိမ်းအမှတ်အဖြစ် စုပေါင်းဒုလ္လာဘ ရဟန်းခံပွဲကိုလည်း ပြုလုပ်ခဲ့ပြီး ဆွမ်းလောင်းလှူပွဲကလည်း နှစ်စဉ်ပြုလုပ်နေကျဖြစ်ပါတယ်။  ဒီဆွမ်းလောင်းလှူပွဲက မုံရွာမြို့မှာ ပြုလုပ်တဲ့ အထင်ကရ ဆွမ်းလောင်းလှူပွဲတွေထဲက တခုအပါအဝင်ဖြစ်ပါတယ်။  မုံရွာမြို့မှာ နှစ်စဉ်နှစ်တိုင်း သံဃာရာနဲ့ချီပါဝင်တဲ့ ဆုတောင်းပြည့်မြတ်စွာဘုရား မြသပိတ် ဆွမ်းလောင်းလှူပွဲ၊ ရွှေစည်းခုံဘုရားဆွမ်းလောင်းလှူပွဲ၊ လယ်တီဆရာတော်ဘုရားကြီးမွေးနေ့ ဆွမ်းလောင်းလှူပွဲ၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဆွမ်းလောင်းလှူပွဲ တွေလည်း များစွာရှိပါသေးတယ်။
1 year Ago
Up