အမေရိကန် အောက်လွှတ်တော် အတည်ပြု

January 7, 2021

ဂျိုးဘိုင်ဒင် ရွေးကောက်ပွဲအနိုင်ရကြောင်း အမေရိကန် အောက်လွှတ်တော် အတည်ပြု  

အမေရိကန်လွှတ်တော်အဆောက်အအုံ အကြမ်းဖက်စီးနင်းခံရပြီး  နာရီပိုင်းအကြာမှာ အောက်လွှတ်တော်အမတ်တွေဟာ ဂျိုးဘိုင်ဒင်ရဲ့ ရွေးကောက်ပွဲ အောင်ပွဲကို အတည်ပြုလိုက်ကြပါတယ်။ အစောပိုင်းမှာ ထရမ့်ထောက်ခံသူတွေက  ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်တဲ့ ကြိုးပမ်းမှုအဖြစ် လွှတ်တော်ကို  ဝင်ရောက် စီးနင်းခဲ့ပါတယ်။ ဒီအတွက် လွှတ်တော် အစည်းအဝေးကို ခေတ္တဆိုင်းခဲ့ရပြီး  အကြမ်းဖက်မှုအတွင်း လူ ၄ ယောက် သေဆုံးခဲ့တဲ့အပြင် ၅၂ ယောက် အဖမ်းခံရပါတယ်။ ဒီလုပ်ရပ်ကို ရွေးကောက်ခံ သမ္မတဘိုင်ဒင်က ဆူပူအုံကြွမှုလို့ ခေါ်ဆိုခဲ့ပါတယ်။ သမ္မတထရမ့်ကတော့ ရွေးကောက်ပွဲ မဲလိမ်တယ်ဆိုတဲ့ မှားယွင်းစွပ်စွဲချက်တွေကို ဆက်ပြောခဲ့ပြီး သူ့ကို ထောက်ခံသူတွေကို  အိမ်ပြန်ဖို့တိုက်တွန်းခဲ့ပါတယ်။ အဲဒီနောက် ဇန်နဝါရီ ၆ ရက် ညနေပိုင်းမှာ ဒုသမ္မတ မိုက်ပန့်စ်က  လွှတ်တော်အစည်းဝေးကို ပြန်စခဲ့ပါတယ်။ အဲဒီအစည်းဝေးမှာ လွှတ်တော်မတ်တွေက သမ္မတရွေးချယ်ခန့်အပ်ရေးအဖွဲ့ မဲတွေကို ရေတွက် အတည်ပြုခဲ့သလို "ဒီနေ့ဟာ အမေရိကန် လွှတ်တော်သမိုင်းမှာ မှောင်မိုက်တဲ့ နေ့ရက်"  ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ အစည်းအဝေးအတွင်း အရီဇိုးနားနဲ့ ပင်ဆာဗေးနီးယားက မဲရလဒ်တွေကို ပယ်ဖျက်တဲ့ ရီပတ်ဘလီကန် အမတ်တချို့ရဲ့ ကန့်ကွက်ချက်တွေဟာ ပယ်ချခံရပါတယ်။ အဲဒီနောက်  ဘိုင်ဒင်က မဲအရေအတွက် ၃၀၆ မဲ ရပြီး  ထရမ့်က ၂၃၂ မဲ ရတာကို လွှတ်တော် အစည်းအဝေးကနေ  မှန်ကန်ကြောင်း အတည်ပြုခဲ့တယ်လို့ ဘီဘီစီ သတင်းမှာ ဖော်ပြပါတယ်။
10 months Ago
Up