အမေရိကန် အဝေးပြေလမ်

January 6, 2020

အမေရိကန် အဝေးပြေလမ်းတွင် ကား ၃ စီးဆင့်တိုက်၊ ၅ ဦးထက်မနည်း သေဆုံး

အမေရိကန်နိုင်ငံ ပင်ဆယ်လ်ဗေးနီးယားပြည်နယ် အဝေးပြေးအမြန်လမ်းမှာ ဇန်နဝါရီ ၅ ရက်က  ကားတိုက်မှုကြောင့် လူငါးယောက်ထက် မနည်းသေဆုံးပြီး အယောက် ၆၀ လောက် ဒဏ်ရာရခဲ့ပါတယ်၊  ကမ္ဘာလှည့်ခရီးသည်တင်ဘတ်စ်ကား တစီး၊ နောက်တွဲပါကား တစီးနဲ့ ခရီးသည်တင်ကား တစီးတို့ ဆင့်တိုက်မိခဲ့တာပါ။  အမျိုးသားသယ်ယူပို့ဆောင်မှု ဘေးကင်းရေးဘုတ်အဖွဲ့ NTSB က အရုဏ်မတက်ခင် ကားဆင့်တိုက်မှုဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးဖို့ ယာဉ်တိုက်မှုဖြစ်ရာ ပစ္စဘတ်မြို့ အရှေ့တောင်ဘက် မိုင် ၄၀ အကွာက မောင့်ထ်ပလဲဆင့်မြို့နယ်ဆီ အဖွဲ့တဖွဲ့ စေလွှတ်ခဲ့တယ်လို့ NTSB က တွစ်တာ လူမှုကွန်ရက်ကနေ ပြောပါတယ်။  လူနာအယောက် ၆၀ လောက်ကို ဝက်စ်မိုးလန်းမြို့နယ်အတွင်း ဆေးရုံ ၃ ခုဆီ ပို့ထားတယ်လို့ အမြန်လမ်းမကြီးဆိုင်ရာ ပြောခွင့်ရက ပြောပါတယ်။  အခုလိုဖြစ်ပွားခဲ့တာကြောင့် ၈၆ မိုင်အရှည်ရှိတဲ့ အမြန်လမ်းမကြီးရဲ့ နယူးစတန်တွန်ကနေ ဘရိဇ်ဝုဒ် ထွက်ပေါက်ကြား လမ်းပိုင်းကို တနင်္ဂနွေနေ့က ပိတ်ထားတယ်လို့ သူက ပြောပါတယ်။ 
2 years Ago
Up