အမေရိကန် အထူးသံတမန်

A d v e r t i s e m e n t With Us

December 15, 2019

မြောက်ကိုရီးယားဆိုင်ရာ အမေရိကန်အထူးသံတမန် တောင်ကိုရီးယား ရောက်ရှိ

နျူလက်နက်ဖျက်သိမ်းရေး ဆွေးနွေးပွဲတွေ ပြန်စဖို့ မြောက်ကိုရီးယားက အမေရိကန်ကို ဖိအားတွေ ပေးနေတာကြောင့် ဒီဇင်ဘာ ၁၅ ရက်က  မြောက်ကိုရီးယားဆိုင်ရာ အမေရိကန် အထူးသံတမန် စတက်ဖန်ဘီဂန်ဟာ တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိလာပါတယ်။ မြောက်ကိုရီးယားက အမေရိကန် နျူလက်နက်ခြိမ်းခြောက်မှုတွေကို တားဆီးမယ့်  ဗျူဟာမြောက်လက်နက်ကို နောက်ထပ်စမ်းသပ်မှု ပြုလုပ်ပြီးပြီလို့ ကြေညာပြီး နောက်နေ့မှာပဲ  အမေရိကန်အထူးသံတမန်က အခုလို သွားရောက်ခဲ့တာပါ။    မြောက်ကိုရီးယားရဲ့ အဲဒီစမ်းသပ်ချက်တွေဟာ အမေရိကန်အထိ ပစ်ခတ်နိုင်တဲ့  ပိုမိုစိတ်ချရတဲ့ တိုက်ချင်းပစ်ဒုံးကျည်တွေကို တည်ဆောက်ခွင့်ရစေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။ သုံးရက်ကြာခရီးအတွင်း အမေရိကန်အထူးသံတမန် ဘီဂန်ဟာ တောင်ကိုရီးယား သမ္မတ  မွန်းဂျေအင်း၊ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့နဲ့ တွေ့ဆုံဆွေးနွေးသွားမှာပါ။    ဘီဂန်အနေနဲ့ ကိုရီးယား နှစ်နိုင်ငံနယ်စပ်မှာ မြောက်ကိုရီးယားအရာရှိတွေနဲ့ တွေ့ဆုံမလား ဆိုတာကိုတော့ သေချာမသိရပါဘူး။ မြောက်ကိုရီးယားရဲ့ တောင်းဆိုချက်တွေကို အမေရိကန်ဘက်က ဒီနှစ်မကုန်ခင်  မဖြည့်ဆည်းပေးရင် လမ်းကြောင်းသစ်ကို ရွေးချယ်သွားမယ်လို့ မြောက်ကိုရီးယားက ပြောကြားထားပါတယ်။ 
1 year Ago
Up