အမေရိကန် နာမည်ကြီး အဆိုတော်တွေ ပါဝင်သီဆိုတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူညီထောက်ပံ့ရေး အွန်လိုင်းဖျော်ဖြေပွဲမှာ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၁၅ သန်း ရရှိခဲ့တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
“Rise Up New York!” လို့ နာမည်ပေးထားတဲ့ အွန်လိုင်းဖျော်ဖြေပွဲမှာ ဘီလီဂျိုး၊ မာရီယာကာနေးနဲ့ စတင်း အပါအဝင် အနုပညာရှင်တွေ ဖျော်ဖြေကြပြီး နယူးယောက်မြို့ မှာ ဆင်းရဲမှု တိုက်ဖျက်ရေး လုပ်နေတဲ့ Robin Hood ပရဟိတ အဖွဲ့အတွက် ရန်ပုံငွေ ရှာဖွေပေးခဲ့ပါတယ်။
ဖျော်ဖြေပွဲမှာ ဂျိုးက “မိုင်ယာမီ ၂၀၁၇” သီချင်းကို သီဆိုပြီး လူသူနည်းပါးတဲ့ တိုင်းစကွဲ နေရာက LED Screen တွေမှာ ထုတ်လွှင့် ပြသခဲ့ပါတယ်။
နယူးယောက်မြို့သူ မာရီယာကာနေးကတော့ “Make It Happen,” သီချင်းနဲ့ ဖျော်ဖြေခဲ့ပြီး အဆိုတော စတင်းကတော့ နာမည်ကြီး “Message in a Bottle.” သီချင်းကို သီဆိုခဲ့ပါတယ်။
ဒီပွဲမှာ နာမည်ကျော်တွေဖြစ်တဲ့ ဂျနီဖာလိုပက်ဇ်နဲ့ ထရီဗာနိုအာတို့ကလည်း ပရိသတ်တွေကို အားပေးစကားတွေ ပြောဆိုခဲ့ပါတယ်။
အမေရိကန် တစ်နိုင်ငံလုံးမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ရှစ်သောင်းကျော် ရှိနေပြီး သုံးပုံတစ်ပုံကျော်က နယူးယောက်ပြည်နယ်က ဖြစ်တယ်ပါတယ်။ နယူးယောက်ပြည်နယ်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၃၀၀၀၀ ကျော်ရှိပြီး နယူးယောက်မြို့မှာ ၁၈၀၀၀၀ ကျော် ရှိတယ်လို့ ရိုက်တာသတင်းက ဖော်ပြထားပါတယ်။
11 months Ago