အမေရိကန်-အစ္စရေး အမျိုးသမီ

January 30, 2020

ရုရှားသမ္မတ၏ လွတ်ငြိမ်းခွင့်ဖြင့် အမေရိကန်-အစ္စရေး အမျိုးသမီး ပြန်လွတ်

ရုရှားသမ္မတ ပူတင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အမေရိကန်-အစ္စရေး အမျိုးသမီး တယောက်ကို  ဇန်နဝါရီ ၃၀ ရက်မှာ မော်စကို အကျဉ်း ထောင်ကနေ လွှတ်ပေးလိုက်ပါတယ်။  နမ်မာအိုင်စကာဆိုသူ အမျိုးသမီးဟာ မူးယစ်ဆေးစွဲချက်တွေနဲ့ ထောင်ဒဏ် ၇ နှစ်ခွဲ ကျခံနေတာဖြစ်ပြီး ရုရှားသမ္မတ ပူတင်နဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုတို့ရဲ့ မော်စကို  ဆွေးနွေးပွဲ မတိုင်မီ အိုင်စကာကို လွှတ်ပေးလိုက်တာပါ။   အမေရိကန် သမ္မတ ထရမ့်ရဲ့ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးအစီအစဉ် အသေးစိတ်ကို တဆင့်ပြန်ရှင်းပြဖို့ ဝန်ကြီးချုပ် နေတန်ယာဟုဟာ ဝါရှန်တန်ကနေ မော်စကိုကို သွားရောက်မှာ ဖြစ်ပါတယ်။  အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်မှာ မွေးဖွားတဲ့ အိုင်စကာကို လွှတ်ပေးဖို့ အစ္စရေးအစိုးရက  ရုရှားကို တောင်းဆိုခဲ့ပြိး အိုင်စကာရဲ့ မိသားစုကလည်း ပြစ်ဒဏ်ဟာ များပြားတယ်လို့ ပြောခဲ့ပါတယ်။  မော်စကို လေဆိပ်မှာ အိုင်စကာရဲ့ အိတ်ထဲက  ဆေးခြောက် ၉ ဂရမ် ကို တွေ့ရှိခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ် ဧပြီလမှာ ရဲတပ်ဖွဲ့က  သူ့ကို ဖမ်းဆီးခဲ့ပါတယ်။  အခုလို သမ္မတ ပူတင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးလိုက်တဲ့အပေါ်မှာ အစ္စရေး ဝန်ကြီးချုပ်က  ကြိုဆိုလိုက်ပြိး အိုင်စကာနဲ့ တွေ့ဆုံသွားမယ်လို့ သူက ပြောပါတယ်။
1 year Ago
Up