အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်

October 6, 2021

ထိုင်ဝမ်သဘောတူညီချက်ကို တရုတ်က သဘောတူဟု အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ပြော

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ထိုင်ဝမ် အရေး ဆွေးနွေးစကားပြောခဲ့ပြီး နှစ်နိုင်ငံစလုံးက ထိုင်ဝမ် သဘောတူညီချက်ကို လိုက်နာဖို့ သဘောတူခဲ့တယ်လို့  ဘိုင်ဒင်က အောက်တိုဘာ ၅ ရက်မှာ ပြောပါတယ်။

ဘိုင်ဒင်က “ရှီဟာ သဘောတူညီချက်ကို လိုက်နာဖို့ကလွဲလို့ တခြားဘာကိုမှ လုပ်သင့်တယ်လို့ ကျနော် မထင်ဘူး”လို့လည်း ပြောပါတယ်။

ဘိုင်ဒင်ဟာ မီချီဂံပြည်နယ်ဆီ ခရီးထွက်ပြီး ဝါရှင်တန်ကို ပြန်ရောက်ချိန် အိမ်ဖြူတော် အပြင်ဘက်မှာ သတင်းထောက်တွေကို  ပြောလိုက်တာပါ။

တရုတ်ပြည်မကြီးအစိုးရက အမျိုးသားနေ့ကို ကျင်းပတဲ့နေ့ကစပြီး ၄ ရက်အတွင်း ထိုင်ဝမ်ရဲ့ လေကြောင်းကာကွယ်ရေးဇုန်ရဲ့ အနောက်တောင်ပိုင်းနဲ့ တောင်ပိုင်းတွေထဲမှာ တရုတ်လေတပ်က လေယာဉ် ၁၄၈ စီး ဝင်ရောက် ပျံသန်းခဲ့တယ်လို့ ထိုင်ဝမ်က ဘက်က ပြောပါတယ်။

တရုတ်ပြည်မကြီးဟာ ထိုင်ဝမ်ကို သူ့ရဲ့ ပိုင်နက်လို့ သတ်မှတ်ထားပြီး လိုအပ်ရင် အင်အားသုံး သိမ်းယူမယ်လို့ ပြောထားပါတယ်။ ထိုင်ဝမ်ကတော့ လွတ်လပ်တဲ့ အချုပ်အခြာနိုင်ငံလို့ ပြောပြီး လွတ်လပ်ရေးနဲ့ ဒီမိုကရေစီကို ခုခံကာကွယ်မယ်လို့ ပြောကာ တင်းမာမှုတွေအတွက် တရုတ်ကို အပြစ်တင်လိုက်ပါတယ်။

1 week Ago
Up