အမေရိကန် လေကြောင်းတိုက်ခိုက်မှု

A d v e r t i s e m e n t With Us

January 3, 2020

အမေရိကန်တိုက်ခိုက်မှုကြောင့် အီရန်ဗိုလ်ချုပ်ကြီးနှင့်အီရတ်ပြည်သူ့စစ်တပ်မှူး သေဆုံး

အမေရိကန် လေကြောင်းတိုက်ခိုက်မှုအတွင်း အီရန်ဗိုလ်ချုပ်ကြီး ကတ်ဆမ် ဆိုလန်မန်နီနဲ့ အီရတ် ပြည်သူ့စစ်တပ်မှူး အဘူမန်ဒီ အာမူဟန်ဒစ်တို့နှစ်ဦး  ဇန်နဝါရီ ၃ ရက် မနက်အစောပိုင်းက သေဆုံးခဲ့ပါတယ်။        ဘဂ္ဂဒက်လေဆိပ်ကိုသွားတဲ့ သူတို့ယာဉ်တန်းကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာလို့  အီရတ်စစ်ဘက် ပြောခွင့်ရပုဂ္ဂိုလ်တွေက ရိုက်တာကို ပြောကြားပါတယ်။   ကတ်ဆမ် ဆိုလန်မန်နီနဲ့ အဘူမန်ဒီ အာမူဟန်ဒစ်တို့ သေဆုံးမှုအတွက် အမေရိကန်နဲ့ အစ္စရေးမှာ တာဝန်ရှိတယ်လို့ အီရတ်ပြည်သူ့စစ်ပြောခွင့်ရပုဂ္ဂိုလ်က ပြောခဲ့ပါတယ်။  ဘဂ္ဂဒက်မြို့က အီရန်နဲ့ဆက်နွှယ်တဲ့ ပစ်မှတ်နှစ်ခုကို တိုက်ခိုက်ခဲ့တယ်လို့လည်း အမေရိကန် အရာရှိတွေက ရိုက်တာကို ပြောခဲ့ပါတယ်။  ဒီတိုက်ခိုက်မှုဟာ အနာဂတ်မှာ အီရန်တိုက်ခိုက်လာမယ့် အစီအစဉ်တွေကို တားဆီးဖို့ ရည်ရွယ်တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။  အမေရိကန် အစိုးရအနေနဲ့ ကမ္ဘာတဝှမ်းမှာရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေနဲ့ အမေရိကန် အကျိုးစီးပွားကိုကာကွယ်ဖို့ လိုအပ်တဲ့ အရေးယူမှုတွေ ဆက်လုပ်သွားမယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။  ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့  သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ တွစ်တာမှာ အမေရိကန်အလံ ပို့စ်တင်ခဲ့ပါတယ်။ 
1 year Ago
Up