အမေရိကန်-မက္ကဆီကို နယ်စပ်

January 31, 2020

အမေရိကန်-မက္ကဆီကို နယ်စပ်တွင် အရှည်ဆုံး မြေအောက် မှောင်ခိုဥမင်တခု တွေ့ရှိ

အမေရိကန်-မက္ကဆီကို နယ်စပ်မှာ တွေ့ရှိရတဲ့  အရှည်ဆုံးနယ်စပ်ဖြတ်ကျော် မြေအောက် မှောင်ခိုဥမင်လှိုင်ခေါင်းတခု အမေရိကန် အကောက်ခွန်နဲ့ နယ်စပ်ကာကွယ်ရေးအဖွဲ့က ဇန်နဝါရီ ၂၈ ရက်မှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။  အဲဒီဥမင်ဟာ ပေပေါင်း ၄၃၀၉ ပေ ရှည်လျားပြီး ဥမင်အတွင်း သံလမ်း၊ ဓာတ်လှေကား၊ လေဝင်လေထွက်စနစ်နဲ့  လျှပ်စစ်မီး သွယ်တန်းထားတာတွေကို တွေ့ရတယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။  ဥမင်ကို ၂၀၁၉ နိုဝင်ဘာလတုန်းက နယ်စပ်ကင်းလှည့်အဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက တွေ့ရှိခဲ့ပြီး ဒါနဲ့ပတ်သက်လို့  ဖမ်းဆီးအရေးယူခဲ့တာ မရှိဘူးလို့ ဘီဘီစီသတင်းက ဆိုပါတယ်။  အဲဒီဥမင်ဟာ မက္ကဆီကိုနိုင်ငံ တီဝါနာမြို့ စက်မှုဇုန်တခုကနေ အမေရိကန် ဆန်ဒီယေဂိုမြို့ကို ဆက်သွယ်ဖောက်လုပ်ထားတာပါ။  အဲဒီ မှောင်ခိုဥမင်လမ်းကြောင်းကို  နာမည်ကျော် မက္ကဆီကို ဂိုဏ်းဖွဲ့ ရာဇဝတ်ခေါင်းဆောင် အယ်ချပ်ပိုအဖွဲ့က လုပ်ကိုင်နေပြီး ဂိုဏ်းခေါင်းဆောင်  အယ်ချပ်ပိုဟာ မူးယစ်မှောင်ခိုမှုနဲ့ အမေရိကန်မှာ ထောက်ဒဏ်တသက် ကျခံနေတယ်လို့ ဘီဘီစီ သတင်းအရ သိရပါတယ်။
1 year Ago
Up