အမေရိကန်-တရုတ်

A d v e r t i s e m e n t With Us

January 1, 2020

အမေရိကန်-တရုတ် ကုန်သွယ်ရေးသဘောတူညီချက် လက်မှတ်ထိုးမည်ဟု သမ္မတ ထရမ့်ပြော

အမေရိကန်-တရုတ် ကုန်သွယ်ရေးသဘောတူညီချက် အဆင့် -၁ ကို   ဇန်နဝါရီ ၁၅ ရက်မှာ လက်မှတ်ရေးထိုးမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ဒီဇင်ဘာလ ၃၁ ရက်မှာပြောလိုက်ပါတယ်။ သမ္မတ  ထရမ့်က အိမ်ဖြူတော်မှာ တရုတ်အစိုးရ အဆင့်မြင့်ကိုယ်စားလှယ်တွေနဲ့  အဆင့်- ၁ ကို လက်မှတ်ရေးထိုးပြီး နောက်ပိုင်း ဘေဂျင်းကို သွားရောက်ကာ  နောက်တဆင့် ဆွေးနွေးပွဲ စတင်မယ်လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။ အမေရိကန်နဲ့ တရုတ်အကြားကုန်သွယ်ရေး စစ်ပွဲရှောင်ရှားမယ့် အကန့်အသတ်နဲ့  သဘောတူညီချက်ကို ဒီဇင်ဘာလက ရရှိခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ကုန်သွယ်ရေးစစ်ပွဲကြောင့် အမေရိကန်ဒေါ်လာ ထရီလီယံဝက်ကျော်  တန်ဖိုးရှိတဲ့ ကုန်စည်တွေဟာ သွင်းကုန်ခွန်သစ်တွေ စည်းကြပ်ခံရမှာဖြစ်ပါတယ်။  အမေရိကန် အစိုးရဟာ အမေရိကန် ဒေါ်လာ ၁၅၆ ဘီလီယံတန်ဖိုးရှိတဲ့ တရုတ်ကုန်စည်တွေအပေါ်  သွင်းကုန်ခွန် မစည်းကြပ်ဖို့ သဘောတူညီခဲ့သလို ပြီးခဲ့တဲ့ စက်တင်ဘာက ပြုလုပ်ခဲ့တဲ့  အမေရိကန် ဒေါ်လာ ဘီလီယံ ၁၂၀ တန်ဖိုးရှိတဲ့ သွင်းကုန်တွေအပေါ် အခွန်စည်းကြပ်မှာကို တဝက်လျှော့ချဖို့ သဘောတူခဲ့တယ်လို့ Financial  Times သတင်းမှာ ဖော်ပြပါတယ်။ 
1 year Ago

December 13, 2019

တင်းမာနေသည့် အမေရိကန်နှင့်ဆက်ဆံရေး ဆွေးနွေးဖြေရှင်းရန်လိုဟု တရုတ်ပြော

အမေရိကန်ဟာ ဟောင်ကောင်အရေး၊ မွတ်စလင်ဝီဂါတိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး တရုတ်အစိုးရကို ပြင်းပြင်းထန်ထန်ဝေဖန်ရင်း နှစ်နိုင်ငံအပြန်အလှန်ယုံကြည်မှုကို ပျက်စီးစေခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး   ဝမ်ယီက ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ပြောလိုက်ပါတယ်။  အမေရိကန်-တရုတ် နှစ်နိုင်ငံ အနာဂတ်ဆက်ဆံရေးအတွက် စိန်ခေါ်မှု မြင့်တက်လာစေတဲ့ အကြောင်းအရင်းတွေကို ဆွေးနွေးဖြေရှင်းဖို့ လိုတယ်လို့ တရုတ်အကြီးတန်းသံတမန်လည်းဖြစ်တဲ့ ဝမ်ယီက နှစ်ပတ်လည်စာတမ်းဖတ်ပွဲတစ်ခုမှာ ပြောခဲ့ပါတယ်။  အမေရိကန်နဲ့ တရုတ်ဟာ ကုန်သွယ်ရေးစစ်ပွဲ အဆုံးသတ်ဖို့ ညှိနှိုင်းနေချိန်မှာပဲ ဟောင်ကောင်ဒေသက ဘေဂျင်းအစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲနဲ့  ရှင်းကျန်းပြည်နယ်က မွတ်စလင်ဝီဂါတိုင်းရင်းသားတွေအပေါ် တရုတ်အစိုးရက ဆက်ဆံပုံတွေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့လတွေက နှစ်နိုင်ငံအကြား ဆက်ဆံရေးတင်းမာခဲ့တာပါ။  ဒါ့အပြင် ဟောင်ကောင်အရေး၊ မွတ်စလင်ဝီဂါတိုင်းရင်းသားအရေးနဲ့ ဆက်နွှယ်ပြီး လူ့အခွင့်ရေးချိုးဖောက်မှုနဲ့ တရုတ်ထိပ်တန်းအရာရှိတွေအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်နိုင်ချေရှိတဲ့ ဥပဒေကြမ်းတွေကိုလည်း  မကြာသေးခင်က အမေရိကန်အစိုးရက အဆိုပြုခဲ့ပါတယ်။  အမေရိကန်ရဲ့ ဥပဒေကြမ်းတွေဟာ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာရောက်တယ်လို့ တရုတ်အစိုးရက ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
1 year Ago
Up