အမေရိကန် စစ်လေယာဉ် ၁ စင်း

January 28, 2020

အာဖဂန်နစ္စတန် တာလီဘန်ထိန်းချုပ်နယ်မြေတွင် အမေရိကန် စစ်လေယာဉ် ၁ စင်း ပျက်ကျ

အာဖဂန်နစ္စတန်အရှေ့ပိုင်း တာလီဘန် ထိန်းချုပ်တဲ့နယ်မြေမှာ ဇန်နဝါရီ ၂၇ ရက်က အမေရိကန် စစ်လေယာဉ်တစင်း ပျက်ကျခဲ့ပြီး တာလီဘန်တွေက အဲဒီလေယာဉ်ကို သူတို့ ပစ်ချခဲ့တာလို့ ပြောပါတယ်။ အဆင့်မြင့်အရာရှိတွေ အပါအဝင် လေယာဉ်ပေါ် လိုက်ပါသွားသူအားလုံး သေဆုံးတယ်လို့လည်း တာလီဘန်အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဇာဘင်းဟူလာမူဂျာဟစ်က ပြောပါတယ်။ အမည်မဖော်လိုသူ အမေရိကန် အရာရှိတွေကတော့ အဲဒီလေယာဉ်ဟာ ရန်သူတွေပစ်ချလို့ ပျက်ကျခဲ့တယ်ဆိုတဲ့ ဖော်ပြချက်မျိုး အခုထိ မတွေ့ရှိရဘူးလို့ ပြောပါတယ်။  အမေရိကန်အရာရှိတဦးကလည်း လေယာဉ်ပေါ် လိုက်ပါသွားသူဟာ ၁၀ ယောက် အောက်သာ ရှိတယ်လို့ ပြောပါတယ်။ ဆိုရှယ်မီဒီယာမှာတင်တဲ့ လေယာဉ်ပျက်ကျရာ နေရာဖြစ်ဖွယ်ရှိတဲ့ ဗွီဒီယိုထဲမှာ E-11A ဗုံးကြဲလေယာဉ် အပျက်အစီးတွေကို မြင်တွေ့ရပါတယ်။ ပျက်ကျရာနေရာမှာ အမေရိကန် စစ်လေယာဉ်ကို အာဖဂန်အာဏာပိုင်တွေက ရှာဖွေနေပါတယ်။  အာဖဂန် စစ်ဘက်ထိပ်တန်း တပ်မှူးကတော့ လေယာဉ်ဟာ စက်ချွတ်ယွင်းမှုကြောင့် ပျက်ကျခဲ့ပြီး တာဝန်ရှိသူတွေဟာ အခြေအနေကို သိရှိဖို့ သွားရောက်နေတယ်လို့ ပြောပါတယ်။
1 year Ago
Up