အမေရိကန်အရှေ့မြောက်ပိုင်

July 11, 2020

အမေရိကန်အရှေ့မြောက်ပိုင်းသို့ အပူပိုင်းမုန်တိုင်း စဝင်၊ ရေကြီးနိုင်ဟုသတိပေး

အပူပိုင်းမုန်တိုင်း ဖေးဟာ လူဦးရေထူထပ်တဲ့  အမေရိကန်အရှေ့မြောက်ပိုင်းကို ဇူလိုင်လ ၁၀ ရက်က စတင်ဝင်ရောက်ပြီး သာမန်ရွာသွန်းရာကနေ မိုးသည်းလာတာမို့ ရေကြီးနိုင်တယ်လို့ အမျိုးသားမိုးလေဝသဌာနက သတိပေးထားပါတယ်။   မုန်တိုင်းဟာ ကုန်းတွင်း မဝင်ခင်  ဇူလိုင်လ ၉ ရက် မွန်းလွဲပိုင်းက  လေတိုက်နှုန်း တစ်နာရီ မိုင် ၄၀ နှုန်းနဲ့  အတ္တလန်တစ်အလယ်ပိုင်းပြည်နယ်တွေမှာ  မိုးသည်းခဲ့တယ်လို့လည်း မိုးလေဝသ ဌာနက ဆိုပါတယ်။   နယူးယောက်မြို့ကို မုန်တိုင်း မဝင်ရောက်မီ ကန်းရိုးတန်း ပြည်နယ်တွေဖြစ်တဲ့ ဒီလာဝဲ၊ မေရီလန်း၊ နယူးဂျာစီနဲ့ ပင်ဆာဗေးနီးယားပြည်နယ်အရှေ့ပိုင်းမှာ မိုးရေချိန် ၂ လက်မကနေ ၄ လက်မအထိ ရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။   နယူးဂျာဇီကမ်းရိုးတန်းတလျောက် ကမ်းခြေတွေမှာ မိုးကြီးခဲ့ပြီး လမ်းတွေ ရေမြုပ်ခဲ့ပါ တယ်။   ကမ်းခြေကို မုန်တိုင်းဝင်ချိန်မှာ လေတိုက်နှုန်း လျော့သွားမယ် ခန့်မှန်းရပေမယ့်  ဒေသ အလိုက် ရေကြီးအန္တရာယ် ရှိကြောင်း သတိပေးထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ 
10 months Ago
Up