အမေရိကန်သံရုံး ၂ ရုံ

October 1, 2020

အမေရိကန်သံရုံး ၂ ရုံးပိတ်နိုင်ဟု အီရတ်သတိပေး၊ သံအရာရှိများကို ပြန်ခေါ်ရန် ပြင်ဆင်နေ

သံရုံးနဲ့နိုင်ငံခြားရေးဆိုင်ရာ အဆောက်အအုံတွေကို ကာကွယ်မယ့် အီရတ်အစိုးရဆီမှာသာ လက်နက်တွေရှိနေတာ သေချာအောင် လုပ်မယ်လို့ အီရတ်ဝန်ကြီးချုပ် မူစတာဖာ အယ်လ်ခါဒီမီက ထိပ်တန်းသံတမန် ၂၅ ယောက်ကို ပြောအပြီး စက်တင်ဘာ ၃၀ မှာ နိုင်ငံခြားရေး ဝန်ကြီးကလည်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ အီရတ်အစိုးရဟာ အမေရိကန်သံရုံး ၂ ရုံးကို ပိတ်နိုင်တယ်လို့ သတိပေးအပြီး အမေရိကန်ဟာ အီရတ်နိုင်ငံထဲက သံတမန်တွေကို ပြန်ခေါ်ဖို့ ပြင်ဆင်နေတယ်လို့ အီရတ်အရာရှိ ၂ ဦးနဲ့ အနောက်တိုင်းသံတမန် ၂ ဦးက ပြောလိုက်ပါတယ်။  အီရတ်ပြည်သူတွေကတော့ သူတို့နိုင်ငံ စစ်မြေပြင်ဖြစ်မှာ စိုးရိမ် ကြောက်လန့်နေတာပါ။ အီရတ်အစိုးရဟာ ဥပဒေစိုးမိုးအောင်လုပ်ဖို့ အစိုးရဆီမှာသာ လက်နက်ရှိတာ သေချာစေဖို့နဲ့ သံတမန် အဆောက်အအုံတွေ နိုင်ငံခြားနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေကို ကာကွယ်ဖို့ စိတ်အား ထက်သန်တယ်လို့ ဝန်ကြီးချုပ်က သံအမတ်ကြီးနဲ့ ကောင်စစ်ဝန် ၂၅ယောက်နဲ့ အစည်းအဝေးမှာ ပြောခဲ့တဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန် ပါတယ်။  နိုင်ငံခြားသံရုံးတွေကို တိုက်ခိုက်သူတွေဟာ အီရတ်ကို မတည်ငြိမ်အောင် လုပ်နေပြီး ဒေသတွင်းနဲ့ နိုင်ငံတကာဆက်ဆံရေးကို တမင်ဖျက်ဆီးနေတယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။  အစောင့်အကြပ် ထူထူချထားတဲ့ အမေရိကန်သံတမန်ရေးခြံဝင်းဆီကို ပစ်လွှတ်တဲ့ ဒုံးကျည် တွေဟာ တီဂရစ်မြို့ ကောင်းကင်မှာ ပုံမှန်လိုလို ပျံဝဲနေတာပါ။  လတ်တလောလတွေအတွင်း သံရုံးနားကို ဒုံးကျည်နဲ့ တိုက်ခိုက်မှု တိုးလာပြီး အမေရိကန် ဦးဆောင်တဲ့ စစ်ဘက်မဟာမိတ်တွေဆီ ပစ္စည်းလာပို့တဲ့ ယာဉ်တန်းတွေကို ပစ်မှတ်ထား လမ်းဘေး ဗုံးထောင်တာလည်း တိုးလာနေပါတယ်။  စက်တင်ဘာ ၂၈ ရက်ကလည်း ဒုံးကျည် ၂ လုံးက အိမ်တလုံးကို ထိမှန်လို့ ကလေး ၃ ယောက်နဲ့ အမျိုးသမီး ၂ယောက် သေဆုံးပါတယ်။  အဲဒီ ဒုံးကျည်ဟာ ဘဂ္ဂဒက်လေဆိပ်ကို ပစ်မှတ်ထားတာ ဖြစ်ပုံရတယ်လို့ ရဲ သတင်းရင်းမြစ်က ပြောခဲ့ပါတယ်။  အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ ပြည်သူ့စစ်အုပ်စုတွေရဲ့ တိုက်ခိုက်မှုလို့ အမေရိကန်အစိုးရက အပြစ်တင်ပါတယ်။  အီရန်ဟာ ဒီဖြစ်ရပ်ကို တိုက်ခိုက် မှတ်ချက် မပေးပေမဲ့ အီရန်နဲ့ မဟာမိတ် ပြည်သူ့စစ်တွေနဲ့ အဆက်အသွယ် ရှိတယ်လို့ ယုံကြည်ရတဲ့အုပ်စုတွေကတော့ တိုက်ခိုက်မှု တချို့ကို သူတို့ လုပ်တာ လို့ တာဝန်ခံခဲ့ကြပါတယ်။  
7 months Ago
Up