အမေရိကန်သံရုံး

November 14, 2021

ယီမင်နိုင်ငံ အမေရိကန်သံရုံးစီးနင်းမှု ဟူသီအဖွဲ့ငြင်းဆို

ယီမင်မြို့တော် ဆာနားရှိ အမေရိကန်သံရုံးခြံဝင်းအတွင်းထဲကို ဟူသီပြည်သူ့စစ်အဖွဲ့တွေ ဝင်ရောက်စီးနင်းခဲ့တယ်ဆိုတဲ့ သတင်းတွေကို ဟူသီအကြီးတန်းအရာရှိတွေက ငြင်းဆိုခဲ့ပါတယ်။ 

အမေရိကန်သံရုံးဝန်ထမ်းတွေ ဖမ်းဆီးထိန်းသိမ်းခံရခြင်း ရှိ၊ မရှိနဲ့ ပတ်သက်ပြီး အတည်ပြုခြင်း၊ ငြင်းဆိုခြင်း မပြုဘဲ တရုတ်မီဒီယာအုပ်စု (CMG) နဲ့ ဖုန်းအင်တာဗျူးတွေမှာ စစ်တပ်အရာရှိတွေက ငြင်းဆိုခဲ့ပါတယ်။ 

နိုဝင်ဘာ ၁၁ ရက်က  ဟူသီတပ်ဖွဲ့တွေဟာ ယီမင်ရှိ အမေရိကန်သံရုံးထဲကို ဝင်ရောက်ကာ သံရုံးဝန်ထမ်း အများအပြားနဲ့ ပိုင်ဆိုင်မှုတချို့ကို သိမ်းပိုက်ခဲ့တယ်ဆိုပြီး အမေရိကန် မီဒီယာပေါင်းစုံက သတင်းတွေတက်လာခဲ့ပါတယ်။

သောကြာနေ့က CMG သတင်းထောက် ရိုက်ကူးထားတဲ့ ရုပ်သံမှာ  အမေရိကန်သံရုံး ပတ်ဝန်းကျင်မှာ သိသာတဲ့ အပြောင်းအလဲ ထူးခြားမှုမရှိဘဲ ပုံမှန်အတိုင်း စည်းစနစ်တကျ သွားလာမှုကို မြင်တွေ့ရပါတယ်။

သံရုံးအနီးအနားမှာ ထူးထူးခြားခြား ဘာမှမမြင်ရ မကြားရသလို လွန်ခဲ့တဲ့ ရက်အတော်ကြာမှ မတွေ့ခဲ့ရဘူးလို့ ဒေသခံတချို့က ပြောပါတယ်။ 

ယီမင်နိုင်ငံဆိုင်ရာ အမေရိကန်သံတမန်တွေကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလမှာ မြို့တော်ဆာနား ကနေ ရွှေ့ပြောင်းခဲ့ပါတယ်။ 

ဒါပေမဲ့ ၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ ဟူသီသူပုန်အဖွဲ့က မြို့တော်ကို သိမ်းပိုက်လိုက်ပြီးနောက် ပြည်တွင်းဝန်ထမ်း ၄၀၀ လောက် ထွက်ခွာသွားပါတယ်။ 

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှာတော့ အမေရိကန်ဟာ ပြည်တွင်းဝန်ထမ်း ၃၆၀ ကို တာဝန် ထမ်းဆောင်ခြင်းကနေ ဖျက်သိမ်းခဲ့ပါတယ်။ 

ဟူသီပြည်သူ့စစ်အဖွဲ့တွေဟာ နိုင်ငံတကာအသိအမှတ်ပြု သမ္မတ  မန်ဆူဟာဒီရဲ့အစိုးရကို မြို့တော်ဆာနာကနေ မောင်းထုတ်လိုက်ကတည်းက ယီမင်နိုင်ငံဟာ ၂၀၁၄ ခုနှစ် စက်တင်ဘာလကတည်းက ပြည်တွင်းစစ်ထဲ နစ်မြုပ်နေတာဖြစ်ပါတယ်။ 

3 weeks Ago

October 18, 2021

ကျဆုံးသူရဲကောင်းများအတွက် အမေရိကန်သံရုံး ဂုဏ်ပြု

မြန်မာနိုင်ငံမှာ ကျဆုံးသွားခဲ့တဲ့ သူရဲကောင်းတွေကို အသစ်ရောက်ရှိလာတဲ့  သံရုံးဒုတိယအကြီးအကဲ ဒက်ဘ်လင်းက  မကြာသေးခင်က ဂုဏ်ပြုခဲ့တဲ့အကြောင်း ရန်ကုန်ရှိ အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် အသက်သေဆုံးခဲ့ကြရသူတွေအတွက် ကျဆုံးသူများ အမှတ်တရ အထိမ်းအမှတ်နေရာတစ်ခု  အမေရိကန်သံရုံးဝင်းအတွင်း ပြုလုပ်ကာ ဂုဏ်ပြုခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ အမှတ်တရအထိမ်းအမှတ်နေရာမှာ  ယနေ့အထိ ကျောက်တုံးပေါင်း ၁၃၀၀ ကျော်ရှိနေပြီဖြစ်ပြီး  ကျောက်တုံးတစ်တုံးစီဟာ ကျဆုံးခဲ့ရသူ တစ်ဦးချင်းစီကို ကိုယ်စားပြုတယ်လို့ အမေရိကန်သံရုံးရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

2 months Ago
More News
Up