အမေရိကန်သံရုံ

October 29, 2020

မော်လ်ဒိုက်တွင် အမေရိကန်သံရုံး ဖွင့်လှစ်မည်

အမေရိကန်အစိုးရဟာ မော်လ်ဒိုက်နိုင်ငံမှာ ပထမဆုံးအနေနဲ့ အမေရိကန်သံရုံး ဖွင့်လှစ်မယ်လို့ နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွန်ပေအိုက အောက်တိုဘာ ၂၈ ရက်မှာ ပြောပါတယ်။ ပွန်ပေအိုရဲ့ ငါးရက်တာ အာရှ ခရီးစဉ်ဟာ လတ်တလောနှစ်တွေမှာ ဒေသတွင်း တရုတ်ရဲ့ နိုင်ငံရေး သြဇာနဲ့ စစ်အင်အား တိုးလာတာကို တန်ပြန်ထိန်းညှိဖို့ ကြိုးစားတဲ့ လုပ်ရပ်လည်း ဖြစ်ပါတယ်။ တရုတ်အစိုးရဟာ ပိုးလမ်း ၂ သွယ် စီမံကိန်းရဲ့ အစိတ်အပိုင်းအနေနဲ့ သီရိလင်္ကာနဲ့ မော်လ်ဒိုက်နိုင်ငံတွေမှာ အမေရိကန် ဒေါ်လာ ဘီလျံချီတဲ့ စီမံကိန်းတွေ ရင်းနှီးမြှုပ်နှံထားပြီး ဒီလုပ်ရပ်ဟာ နိုင်ငံငယ်လေးတွေကို အကြွေးထောင်ချောက်ဆင်ပြီး ထိန်းချုပ်ဖို့ ပုံစံထုတ် ထားတာလို့ အမေရိကန်က ယုံကြည်ထားပါတယ်။  တရုတ်ကွန်မြူနစ်ပါတီဟာ မော်လ်ဒိုက်နဲ့ သီရိလင်္ကာနိုင်ငံအတွင်း ဥပဒေစိုးမိုးမှု ကင်းမဲ့အောင် လုပ်နေတယ်လို့ ပွန်ပေအိုက ပြောပါတယ်။ ဒေသတွင်းမှာ ဥပဒေကင်းမဲ့ပြီး ခြိမ်းခြောက်တဲ့ တရုတ်ရဲ့ လုပ်ရပ်လို့ ပွန်ပေအိုက သတင်းစာ ရှင်းလင်းပွဲမှာ အကြီးအကျယ် ဝေဖန်ခဲ့တာပါ? ပွန်ပေအိုရဲ့ မှတ်ချက်နဲ့ ပတ်သက်ပြီး တရုတ်အစိုးရက ချက်ချင်း မှတ်ချက်ပေး တုံ့ပြန်တာ မရှိသေးပါဘူး။  
11 months Ago

June 6, 2020

မက္ကဆီကိုတွင် အမေရိကန်သံရုံးကို ဆန္ဒပြသူများက ခဲဖြင့်ပေါက်၊ အဆောက်အုံများကို ဖျက်ဆီး

မက္ကဆီကိုနိုင်ငံမြို့တော် မက္ကဆီကိုစီးတီးမှာ ရဲတပ်ဖွဲ့နဲ့ဆန္ဒပြသူတွေကြား ထိပ်တိုက်ရင်ဆိုင်မှု တွေ ဖြစ်ခဲ့ပြီး ဆန္ဒပြသူတွေက အမေရိကန်သံရုံးကို ခဲနဲ့ပေါက်တာ၊ အနီးအနားက အဆောက်အအုံ တွေကို ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ကြပါတယ်။   ဇွန်လ ၅ ရက်က ဖြစ်ခဲ့တဲ့ ဒီဆန္ဒပြမှုတွေဟာ ရဲတပ်ဖွဲ့က ထိန်းသိမ်းထားစဉ် ရဲလက်ထဲ သေဆုံးခဲ့တဲ့ ဒေသခံတဦးကြောင့် ဖြစ်ပေါ်လာခဲ့တာပါ။  မက်စ်မတပ်ဘဲ အပြင်ထွက်လို့ ဂျီအိုဗန်နီ လိုပက်ဇ်ဆိုတဲ့ လူငယ်ဟာ မေလအစောပိုင်းကထဲက ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။  ထိန်းသိမ်းထားစဉ် သေဆုံးမှုအတွက် တာဝန်ရှိတဲ့ ရဲအရာရှိ သုံးဦးကိုလည်း အာဏာပိုင်တွေ က ဖမ်းဆီးထားပါတယ်။  ဇွန် ၅ ရက်နေ့ကတော့ ဆန္ဒပြသူတွေဟာ မက္ကဆီကိုစီးတီးရဲ့ အဓိကလမ်းမကြီးတွေမှာ ချီ တက်ခဲ့ပြီး ကားတွေကို မီးတင်ရှို့တာ၊ စီးပွားရေးလုပ်ငန်းဆိုင်တွေကို ဖျက်ဆီးတာ၊ အမေရိကန်သံရုံးကို လောင်စာဆီပုလင်းတွေနဲ့ ပစ်ပေါက်တိုက်ခိုက်တာတွေ လုပ်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
1 year Ago
More News
Up