အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်

November 15, 2022

အင်ဒိုနီးရှားနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူစာချုပ်မည်ဟု သမ္မတဘိုင်ဒင် ကြေညာ

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အင်ဒိုနီးရှားနိုင်ငံနဲ့ ရာသီဥတုနဲ့ စားနပ်ရိက္ခာလုံခြုံရေး ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုမယ့်အကြောင်း နိုဝင်ဘာ ၁၄ ရက်မှာ ကြေညာခဲ့ပါတယ်။

ဒီရင်းနှီးမြှုပ်နှံမှုထဲမှာ အင်ဒိုနီးရှားနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ ပါတာမီနာနဲ့ အိက်စ်ဆွန်မိုဘီးလ် ကုမ္ပဏီတို့နဲ့ ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ ကာဗွန်ထိန်းချုပ်ရေးဆိုင်ရာ သဘောတူညီမှုလည်း ပါဝင်ပါတယ်။

ဘိုင်ဒင်ဟာ G20 ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ ဒီအပတ်ထဲမှာ ဘာလီကို ရောက်ရှိနေတာဖြစ်ပြီး အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနဲ့ နှစ်ဖက်တွေ့ဆုံတဲ့ အစည်းအဝေးပွဲမှာ အဲဒီရင်းနှီးမြှုပ်နှံမှုကို ကြေညာခဲ့တာပါ။

ကာဗွန်ကင်းစင်ရေးအတွက် အဓိကစက်မှုလုပ်ငန်းတွေဖြစ်တဲ့ ဓာတုပစ္စည်းသန့်စင်ရေး၊ ဘိလပ်မြေနဲ့ သံမဏိထုတ်လုပ်တဲ့ ကဏ္ဍတွေမှာ ပူပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါဝင်ပါတယ်။

ဒီပူးပေါင်းဆောင်ရွက်မှုကြောင့် ကာဗွန်ထုတ်လုပ်မှု နည်းပါးလာမှာဖြစ်သလို အင်ဒိုနီးရှား လုပ်သားတွေအတွက် စီးပွားရေးအခွင့်အလမ်း သေချာစေမှာဖြစ်တဲ့အပြင် အင်ဒိုနီးရှားနိုင်ငံရဲ့ ၂၀၆၀ ခုနှစ်မှာ ကာဗွန်သန့်စင်ရေး ရည်မှန်းချက်ကိုလည်း အောင်မြင်အောင် ကူညီဖြည့်ဆည်းပေးနိုင်မယ်ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံကို အလွန်အရေးပါတဲ့ မိတ်ဘက်ဖြစ်ကြောင်း ရည်ညွှန်းခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အပိုင်းမှာလည်း ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်မယ်လို့  ကြေညာခဲ့ပါတယ်။

3 weeks Ago

November 14, 2022

အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရန် ပူးပေါင်းလုပ်ဆောင်မည်ဟု သမ္မတ ဘိုင်ဒင်ပြော

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို အသေအချာ အကောင်အထည်ဖော်ဖို့  အာဆီယံနဲ့အတူ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားလိုက်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့မှာ ဝန်ကြီးချုပ်ဟွန်ဆန်နဲ့ တွေ့ဆုံကာ နှစ်နိုင်ငံအရေးကိစ္စတွေ ပြောဆိုပြီးနောက် အမေရိကန်သမ္မတက ပြောဆိုခဲ့တာလို့ သမ္မတအိမ်ဖြူတော်ကနေ ဒေသစံတော်ချိန် နိုဝင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။

သမ္မတဘိုင်ဒင်က “မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်ရတာ မြင်တွေ့ရဖို့ ကျနော်တို့ အခိုင်အမာ ဆက်လက် သန္နိဋ္ဌာန်ချထားပြီး ဘုံသဘောတူညီချက် ၅ ချက်ကို အသေအချာ အကောင်အထည်ဖော်ဖို့ အာဆီယံနဲအတူ လုပ်ဆောင်သွားမယ်” လို့ ပြောပါတယ်။ 

အမေရိကန်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှုအသစ်တွေနဲ့အတူ မြန်မာ့အရေးနဲ့ တောင်တရုတ်ပင်လယ် အငြင်းပွားမှုတွေမှာ ပိုမိုထောက်ပံ့ကူညီသွားဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အာဆီယံ ၉ နိုင်ငံက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ အာမခံကတိပေး ပြောကြားသွားပါတယ်။ 

ဒီအစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်တို့အပါအဝင် နိုင်ငံခေါင်းဆောင်တွေကို ဖမ်းဆီးထောင်ချ အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့  တက်ရောက်ခွင့် မရခဲ့ပါဘူး။ 

Photo Credit- Cambodia PM

3 weeks Ago
More News
Up