အမေရိကန်သမ္မတသစ်

A d v e r t i s e m e n t With Us

January 21, 2021

ကမ္ဘာခေါင်းဆောင်များက အမေရိကန်သမ္မတသစ်နှင့် ဒုသမ္မတတို့ကို ကြိုဆိုထောက်ခံ

ကမ္ဘာတဝန်းက နိုင်ငံ့ခေါင်းဆောင်တွေက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ဒုသမ္မတ ကာမာလာဟာရစ်တို့ကို ထောက်ခံကြောင်း ဇန်နဝါရီ ၂၀ ရက်က တွစ်တာလူမှုကွန်ရက်ပေါ်ကနေ ရေးသား ဂုဏ်ပြုခဲ့ကြပါတယ်။ ဇန်နဝါရီ ၂၀ ရက်က အမေရိကန်မြို့တော် ဝါရှင်တန်ဒီစီရှိ အောက်လွှတ်တော်မှာ ကျင်းပတဲ့ လုံခြုံရေး အကြီးအကျယ် စောင့်ကြပ်နေတဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲအတွင်း အစိုးရအဖွဲ့သစ်ဟာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြတာပါ။ ဒီပွဲကို ကမ္ဘာတဝန်းက မီဒီယာတွေမှာ ခေါင်းကြီးပိုင်း သတင်းအဖြစ် ကြေညာခဲ့ကြပါတယ်။  ရုရှားမီဒီယာကတော့ ဧည့်သည်တော်ထက် လက်နက်ကိုင်အစောင့် ပိုများနေတဲ့ အခမ်းအနားအဖြစ် ကြေညာခဲ့တာပါ။ ရုရှားအစိုးရကတော့ အမေရိကန်နဲ့ နျူကလီးယားလက်နက်ထိန်းချုပ်ရေး သဘော တူညီချက်ကို သက်တမ်း တိုးဖို့ ဆက်ကတိပြုထားပြီး သဘောတူညီချက်ရဖို့ သမ္မတ ဂျိုးဘိုင်ဒင် အစိုးရက ကတိပြုထားတဲ့ အားထုတ်မှုတွေကို ကြိုဆိုမယ်လို့ ဇန်နဝါရီ ၂၀ ရက်မှာ ပြောခဲ့ပါတယ်။ ကျမ်းသစ္စာကျိန်ဆိုပွဲ အပြီးမှာတော့ ဘိုင်ဒင်ဟာ သမ္မတအဖြစ် ပထမဆုံး တရားဝင် လုပ်ရပ်အနေနဲ့ ရာထူးခန့်အပ်ရေး အဆိုပြုလွှာတွေကို လက်မှတ်ရေးထိုးခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။
1 month Ago

January 20, 2021

အမေရိကန်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ၌ လေဒီဂါဂါနှင့် ဂျနီဖာလိုပက်ဇ်တို့ ဖျော်ဖြေမည်

ရွေးကောက်ခံ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် မြို့တော်ဝါရှင်တန်ရှိ အောက်လွှတ်တော်အနားက ကွင်းပြင်ကြီးမှာ အမေရိကန် အလံ ၂ သိန်းလောက်ကို ဇန်နဝါရီ ၁၈ ရက်ကစပြီး စိုက်ထူထားပါတယ်။ အလံကွင်းထားတာဟာ ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် ရွေးထားတဲ့ ဆောင်ပုဒ်ဖြစ်တဲ့ ညီညွတ်သော အမေရိကန်အတွက် အစိတ်အပိုင်းတရပ်လို့ အခမ်းအနားကျင်းပရေး ကော်မတီက ကြေညာပါတယ်။ ကမ္ဘာကျော် ပေါ့ပ်အဆိုတော် လေဒီဂါဂါနဲ့ ဂျနီဖာလိုပက်ဇ်တို့ကလည်း အခမ်းအနားမှာ ဖျော်ဖြေဖို့လည်း စီစဉ်ထားပါတယ်။ အမေရိကန်ရဲ့ ၄၆ ယောက်မြောက် ရွေးကောက်ခံ သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ပထမဆုံး အမျိုးသမီး ဒုသမ္မတ ဟာရစ်တို့ဟာ အမေရိကန် အောက်လွှတ်တော်မှာ ဇန်နဝါရီ ၂၀ ရက်မှာ ကျမ်းသစ္စာ ကျိန်ဆိုမှာပါ။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အခမ်းအနားတက်မယ့်သူ စာရင်းကို ကန့်သတ်ထားပြီး ပွဲစဉ် အများအပြားကို အွန်လိုင်းကနေ ကျင်းပမယ်လို့ မီဒီယာတွေက အစီရင်ခံထားပါတယ်။
1 month Ago
Up