အမေရိကန်သမ္မတရာထူ

September 25, 2020

အမေရိကန်သမ္မတရာထူးကို  စနစ်တကျလွှဲပေးမည်ဟု ရီပတ်ဘလီကန်ပြော

အမေရိကန် ရွေးကောက်ပွဲလုပ်ငန်းစဉ်ရဲ့ယုံကြည်စိတ်ချရမှုအပေါ်  သမ္မတ ဒေါ်နယ်ထရမ့်က မေးခွန်းထုတ်ခဲ့ပြီးနောက် ရီပတ်ဘလီကန်ခေါင်းဆောင် မစ်ချ်မက်ကွန်နယ်က ရွေးကောက်ပွဲ နှောင်းပိုင်းမှာ စနစ်တကျအာဏာလွှဲပေးသွားမယ်လို့  စက်တင်ဘာ ၂၄ ရက်မှာ ပြောပါတယ်။   မစ်ချ်မက်ကွန်နယ်က နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲမှာ ဘယ်သူအနိုင်ရသည်ဖြစ်စေ ဇန်နဝါရီလ ၂၀ ရက်မှာ ငြိမ်းချမ်းစွာ  ရာထူးလက်ခံရမယ်လို့  ပြောဆိုခဲ့ပါတယ်။  ဒီနှစ်ရွေးကောက်ပွဲမှာ ကပ်ရောဂါကြောင့် အမေရိကန်အတော်များများက ခါတိုင်းထက် စာတိုက်ကနေ မဲပေးမယ့်သူ ပိုများပါတယ်။  သမ္မတ ထရမ့်က စာတိုက်က မဲပေးတာကို သံသယဝင်ပေမယ့် ရွေးကောက်ပွဲ တာဝန်ရှိသူ တွေ ကတော့ ဒီနစ်ဟာ လုံခြုံစိတ်ချရတယ်လို့ပြောပါတယ်။  ရွေးကောက်ပွဲကျင်းပဖို့ ရက် ၄၀ အလို လူထုသဘောထားစစ်တမ်းမှာတော့ သမ္မတ ထရမ့်ဟာ ပြိုင်ဘက်  ဂျိုးဘိုင်ဒင်ရဲ့နောက်က လိုက်နေတယ်လို့  ဘီဘီစီသတင်းက ဖော်ပြပါတယ်။
8 months Ago
Up