အမေရိကန် လေယာဉ်တင်သင်္ဘောစု USS နစ်မစ်ဇ် (CVN 68) ဟာ အမေရိကန်ရဲ့ တပ်မဟာ ၇ စစ်ဆင်ရေး ကျင်လည်ရာ နယ်မြေနဲ့ အိန္ဒိယသမုဒ္ဒရာ ရေပြင်ကို ဖြတ်သန်း ဝင်ရောက်လာပြီလို့ အမေရိကန်စစ်တပ် ပစိဖိတ်စစ်တိုင်းရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ်အင်တာနက် စာမျက်နှာမှာ ဖော်ပြပါတယ်။
အခုလို ဝင်ရောက်လာတာဟာ ပင်လယ်ပြင်လုံခြုံရေးဘေးကင်းမှုဆိုင်ရာ စစ်ဆင်ရေး လေ့ကျင့်ဖို့နဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက် အားထုတ်မှုတွေကို ထောက်ပံ့ဖို့ နစ်မစ်ဇ် လေယာဉ်တင်သင်္ဘောရဲ့ တိုက်ခိုက်ရေး အုပ်စုကို တပ်ချထားတာလို့ ဆိုပါတယ်။
လေယာဉ်တင်သင်္ဘော ပါဝင်တဲ့ တိုက်ခိုက်ရေး ရေယာဉ်စုဖြစ်တဲ့ USS နစ်မ်ဇ်အား ပင်လယ်ကွေ့ဒေသမှာ တပ်ချထားခဲ့ပေမဲ့ အင်ဒိုပစိဖိတ်ဒေသကို ရွှေ့ပြောင်းမယ်လို့ ပင်တဂွန် စစ်ဌာနချုပ် ပြောခွင့်ရက ပြောခဲ့တာပါ။
ဒါပေမယ့် အီရန်စစ်တပ်ရဲ့ ခြိမ်းခြောက်မှုကို ဆွေးနွေးပြောဆိုခဲ့ဖို့ကိုတော့ ယဉ်ယဉ်ကျေးကျေး ငြင်းခဲ့ပါတယ်။