အမေရိကန်သင်္ဘော

July 7, 2020

အင်အားပြရန် အမေရိကန်သင်္ဘောများ တောင်တရုတ်ပင်လယ်ထဲ တမင်စေလွှတ်ဟု တရုတ်စွပ်စွဲ

အမေရိကန်ဟာ အင်အားပြဖို့ သူ့သင်္ဘောတွေကို တောင်တရုတ်ပင်လယ်ဆီ တမင်သက်သက် စေလွှတ်နေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၆ ရက်မှာ ပြောပါတယ်။ ဒေသတွင်း နိုင်ငံတွေကြား သပ်လျှို သွေးခွဲဖို့လည်း ကြိုးစားနေတယ်လို့ အမေရိကန်ကို တရုတ်က စွပ်စွဲပါတယ်။ တောင်တရုတ်ပင်လယ်ထဲမှာ အမေရိကန် လေယာဉ်တင်သင်္ဘော ၂ စီး စစ်ဆင်ရေးနဲ့ လေ့ကျင့်ရေးလုပ်နေတာနဲ့ပတ်သက်ပြီး တရုတ် မြို့တော်ပေကျင်းက သတင်းစာရှင်းလင်းပွဲ မေးမြန်းချိန်မှာ ဝန်ကြီးဌာန ပြောခွင့်ရ ကျောက်လိကျန်းက ခုလို ပြောလိုက်တာပါ. အမေရိကန်လေယာဉ်တင် သင်္ဘော ၂ စီးဟာ ဇူလိုင် ၄ ရက်က တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားနေရာမှာ စစ်ရေးလေ့ကျင့်ခဲ့တယ်လို့ အမေရိကန် ရေတပ်ကလည်း ပြောပါတယ်။ ပင်တဂွန်စစ်ဌာနချုပ်နဲ့ အိမ်နီးချင်းနိုင်ငံတွေက ဝေဖန်ပြစ်တင်တဲ့ စစ်ရေးလေ့ကျင့်မှုကို တရုတ်ကလည်း လေ့ကျင့်ခဲ့ပါတယ်။ တရုတ်နဲ့ အမေရိကန်တို့ဟာ ဗျူဟာမြောက် ရေပြင်မှာ တင်းမာမှု ပေါ်ပေါက်အောင် မီးမွှေးမှုကနေ ဟောင်ကောင်အရေးနဲ့ ကိုရိုနာဗိုင်းရပ်စ်သစ်အရေးထိ နယ်ပယ်အားလုံးမှာ ဆက်ဆံရေး မချောမွေ့ဘဲ ရှိနေပါတယ်။
1 year Ago
Up