အမေရိကန်သက်ကြီးပိုင်း

October 9, 2020

အမေရိကန်သက်ကြီးပိုင်းများ ကိုဗစ်ရောဂါ ကုသခွင့် အခမဲ့ရမည်ဟု သမ္မတထရမ့်ကတိပေး

အမေရိကန်သက်ကြီးပိုင်းတွေဟာ သူရခဲ့တဲ့ ကိုဗစ်နိုင်တင်း ကုသမှုမျိုးကို အခမဲ့  ရနိုင်တော့ မယ်လို့  သမ္မတ ဒေါ်နယ်ထရမ့်က အောက်တိုဘာ ၈ ရက်မှာ ကတိပြုလိုက်ပါတယ်။  သက်ကြီးရွယ်အိုတွေဟာ သူ အချစ်ခင်ဆုံး လူတွေဖြစ်တယ်လို့လည်း  သမ္မတ ထရမ့်က ဆိုပါတယ်။  သမ္မတရွေးကောက်ပွဲကျင်းပဖို့ တလအလိုမှာ ပြိုင်ဘက် ဒီမိုကရက်သမ္မတလောင်း ဘိုင်ဒင်က သမ္မတ ထရမ့်ထက် ရှေ့က အများကြီးဦးဆောင်နေပါတယ်။  CNN/SSRS က လုပ်တဲ့ လူထုစစ်တမ်းအရ အသက် ၆၅ နှစ်အထက် သက်ကြီးပိုင်းတွေရဲ့ ထောက်ခံမှုမှာ ဘိုင်ဒင်က ၂၁ မှတ်အသာနဲ့ ဦးဆောင်နေပါတယ်။  NBC News/Wall Street Journal ကလုပ်တဲ့ စစ်တမ်းမှာတော့ သီတင်းပတ်ကုန်ရက်မှာ  သက်ကြီးပိုင်းတွေရဲ့ ဘိုင်ဒင်အပေါ် ထောက်ခံမှုက ၂၇ မှတ် အထိ မြင့်တက်ခဲ့တယ်လို့ CNN က ဖော်ပြပါတယ်။  ပြီးခဲ့တဲ့ ၂၀၁၆ သမ္မတ ရွေးကောက်ပွဲမှာတုန်းက ထရမ့်ဟာ ပြိုင်ဘက် ဟီလာရီထက် သက်ကြီးပိုင်းတွေရဲ့ထောက်ခံမှုမှာ ၂၇ မှတ် ပိုရခဲ့တယ်လို့လည်း CNN က  အစီရင်ခံခဲ့ပါတယ်။ 
7 months Ago
Up