အမေရိကန်လေတပ်

A d v e r t i s e m e n t With Us

June 11, 2020

အမေရိကန်လေတပ်၏ကာကွယ်ရေးဦးစီးချုပ်အဖြစ်  လူမည်းအမျိုးသား ၁ ဦးကို ပထမဆုံးခန့်အပ်

လူမျိုးရေး မညီမျှမှုအပေါ် မေးခွန်းထုတ်ခံ နေရတဲ့ အမေရိကန်နိုင်ငံမှာ  အမေရိကန်လေတပ်ရဲ့ ပထမဆုံး လူမည်းကာကွယ်ရေးဦးစီးချုပ်ကို အထက်လွှတ်တော်က ဇွန်လ ၉ ရက်က ခန့်အပ်လိုက် ပါတယ်။ ရီပတ်ဗလစ်ကင်ပါတီဝင်တွေ ဦးဆောင်တဲ့ လွှတ်တော်အစည်းအဝေးကို ဒုသမ္မတ မိုက်ခ်ပန့်စ်က သဘာပတိအဖြစ် ထူးထူးခြားခြား ကြီးကြပ်ခဲ့ပြီး ထောက်ခံမဲ ၉၈မဲ ကန့်ကွက်မဲ မရှိဘဲ တခဲနက် အတည်ပြု ခဲ့ပါတယ်။ အတည်ပြု ခန့်အပ်ခံ ဗိုလ်ချုပ်ကြီး ချားလ်စ် ဘရောင်းက အာဖရိကန်နွယ်ဖွား အမေရိကန် နိုင်ငံသား တယောက် အနေနဲ့ သူ လေတပ်ထဲ မရောက်ခင်နဲ့ ရောက်အပြီး သူ့အတွေ့အကြုံတွေကို ခံစားချက် အပြည့်နဲ့ ပြန်ပြောခဲ့ပါတယ်။ အသက် ၅၈နှစ်အရွယ် ဘရောင်းဟာ လောလောဆယ်မှာ ပစိဖိတ်လေတပ်မှာ စစ်ဦးစီး အရာရှိချုပ်ပါ။ သူ့ကို လေတပ်ကာကွယ်ရေး ဦးစီးချုပ် ခန့်လိုက်တာဟာ အမေရိကန်သမိုင်းမှာ ရာစုနှစ်ချီ လူမျိုးရေး ခွဲခြားမှုအပြီး အပြုသဘောဆောင်တဲ့ မတူခြားနားမှုကို အတည်ပြုပေးလိုက်တာ ဖြစ်လို့ မျှော်လင့်ချက် ရှိတယ်လို့ သူက အပြုသဘော ပြောဆို ကောက်ချက်ချခဲ့ပါတယ်။ 
9 months Ago
Up