အမေရိကန်လေကြောင်း တိုက်ခိုက်မှု

January 4, 2020

အီရတ်ပြည်သူ့စစ်တပ်မှူးအား ပစ်မှတ်ထားသည့် အမေရိကန်လေကြောင်းတိုက်ခိုက်မှုကြောင့် ၆ ဦးသေဆုံး

အီရတ် ဟာရှီဒူရှက်ဘီပြည်သူ့စစ်တပ်မှူးကို ပစ်မှတ်ထားတဲ့  တကျော့ပြန်အမေရိကန်လေကြောင်း တိုက်ခိုက်မှုကြောင့် ဇန်နဝါရီ ၄ ရက်က   လူ ၆ ယောက်ထက် မနည်းသေဆုံးတယ်လို့ အယ်ဂျာဇီးယားသတင်းက ဖော်ပြပါတယ်။  သေဆုံးသူတွေထဲမှာ ဆေးဘက်ဝန်ထမ်းတွေ ပါဝင်တယ်လို့ အယ်ဂျာဇီးယားကဖော်ပြပြီး ရိုက်တာ သတင်းကတော့ ၃ ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရတယ်လို့ ဖော်ပြပါတယ်။    မြို့တော် ဘဂ္ဂဒက်မြောက်ဘက် တာဂျီလမ်းမတလျောက်မှာ တိုက်ခိုက်မှု ဖြစ်ခဲ့တယ်လို့ အီရတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြပေမယ့်  ပစ်မှတ်ထားခံရတဲ့ ပုဂ္ဂိုလ်ကိုတော့ မဖော်ပြ ခဲ့ပါဘူး။  တိုက်ခိုက်ခံရတဲ့ ယာဉ်တန်းမှာ  တပ်မှူးပါဝင်တယ်ဆိုတာကို ဟာရှီဒူ-ရှက်ဘီပြည်သူ့ စစ်တပ်ဖွဲ့က ငြင်းဆန်ထားပါတယ်။  အမေရိကန်လေကြောင်း တိုက်ခိုက်မှုဟာ  ဟာရှီဒူယာဉ်တန်းကို ထိမှန်ခဲ့ပြီး လူအများအပြား သေဆုံးဒဏ်ရာရတယ်လို့  ရဲသတင်းရင်းမြစ်က AFP သတင်းဌာနကို ပြောပါတယ်။ 
2 years Ago
Up