အမေရိကန်လူမည်း ဂျော့ဖလွိုက်သေဆုံးမှုမှာ ပါဝင်ခဲ့တဲ့ ရဲဝန်ထမ်းဟာ ပိုမိုပြင်းထန်တဲ့ လူသတ်မှု စွဲချက်ကို ရင်ဆိုင်ရမှာဖြစ်ပြီး ကျန်ရဲဝန်ထမ်း ၃ ယောက်ကတော့ လူသတ်မှုမှာ ကူညီ ပေးမှု စွဲချက်တွေကို ရင်ဆိုင်ရမယ်လို့ ဇွန်လ ၃ ရက် တရားရုံးအထောက်အထားတွေအရ သိရပါတယ်။
ဂျော့ဖလွိုက်သေဆုံးပြီးနောက်နေ့မှာပဲ ရဲဝန်ထမ်း ၄ ယောက်စလုံးကို ရာထူးကနေ ထုတ်ပယ်ခဲ့တာပါ။
အဲဒီလို သူတို့ ၄ ယောက် အပေါ်မှာ စွဲချက်အသစ်တွေ စွဲဆိုခဲ့ပြီးနောက် လော့စ်အိန်ဂျလိစ် မြို့လယ်ကောင်မှာလုပ်တဲ့ “လူမည်းတွေရဲ့ အသက်တွေ အရေးကြီးတယ်” ဆိုတဲ့ ဆန္ဒပြပွဲမှာ လူပေါင်းထောင်ချီ ပါဝင်ခဲ့ပါတယ်။
ဂျော့ဖလွိုက်သေဆုံးမှုဟာ အာဖရိကန်-အမေရိကန်တွေအပေါ် ရဲတွေ ရက်ရက် စက်စက်ပြုမူတာကို့ ကာလရှည် တအုံနွေးနွေး ဖြစ်ရာကနေ ဒေါသအိုး ပေါက်ကွဲတာလို့ ရိုက်တာမှာ ဖော်ပြထားပါတယ်။
9 months Ago