အမေရိကန်ရုပ်ရှင်ပွဲတော်

August 12, 2020

AFI နာမည်ကျော် အမေရိကန်ရုပ်ရှင်ပွဲတော် အွန်လိုင်းမှ ကျင်းပမည်

လတ်တလော ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အခြေအနေတွေကြောင့် နာမည်ကြီးရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ အမေရိကန်ရုပ်ရှင်ပွဲတော် (AFI)ကို အွန်လိုင်းမှသာ ကျင်းပတော့မယ်လို့ သိရပါတယ်။ ဒီကြေညာချက်ကိုတော့ ဩဂုတ်လ ၁၁ ရက်နေ့က ထုတ်ပြန်လိုက်တာဖြစ်ပြီး အစက စက်တင်ဘာလထဲမှာ ပုံမှန်အတိုင်းကျင်းပဖို့ စီစဉ်ထားတဲ့ ပွဲတော်ကို အောက်တိုဘာလကို ရွှေ့ဆိုင်းကာ Virtutal ပွဲတော်အနေနဲ့ ကျင်းပတော့မှာလို့ ဆိုပါတယ်။ ပွဲကျင်းပမယ့် အစီအစဉ် အသေးစိတ်ကိုတော့ စက်တင်ဘာလထဲမှာ ထုတ်ပြန်ပေးသွားမှာဖြစ်ကာ အွန်လိုင်းပွဲတော်အနေနဲ့ အောက်တိုဘာလ ၁၅ ရက်နေ့ကနေ ၂၂ ရက် နေ့အထိ ကျင်းပသွားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ၁၉၆၇ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ အမေရိကန်ရုပ်ရှင်ပွဲတော်(အေအက်ဖ်အိုင်) ဟာ နှစ်စဉ် အကောင်းဆုံးရုပ်ရှင်ကား ၁၀ ကားနဲ့ ရုပ်သံအစီအစဉ် ၁၀ ခုကို ရွေးချယ်ချီးမြှင့်လာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တုန်းကတော့ အကောင်းဆုံးထိပ်တန်းရုပ်ရှင်ကား ၁၀ ကားအဖြစ် 1917 ၊ The Farewell ၊ The Irishman ၊ Jojo Rabbit ၊ Joker ၊ Knives Out ၊ Little Women ၊ Marriage Story ၊ Once Upon a Time in... Hollywood ၊ Richard Jewell တို့ကို ရွေးချယ်ခဲ့ပြီး အထူးဆုအဖြစ် နာမည်ကျော်ကိုရီးယားရုပ်ရှင် Parasite ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
1 year Ago
Up