လူဖြူရဲ လေးဦး ဖမ်းဆီးမှုအတွင်း သေဆုံးခဲ့တဲ့ လူမည်းအမျိုးသား ဂျော့ဖလွိုက်အတွက် ကန့်ကွက်ဆန္ဒပြမှုတွေဟာ အမေရိကန်ပြည်ထောင်စုတဝန်းမှာ အရှေ့ဘက်ကမ်းခြေကနေ အနောက်ဘက်ကမ်းခြေအထိ မြို့ကြီးတွေမှာ ဇွန်လ ၃ ရက်အထိ ပျံ့နှံ့နေဆဲဖြစ်ပါတယ်။
ဘော်စတွန်၊ ဒင်ဗာ၊ ပေါ့တ်လန်းနဲ့ အောက်ကလန်တို့မှာ ငြိမ်းချမ်းစွာချီတက်ဆန္ဒပြသူတွေ ထောင်ပေါင်းများစွာ ရှိခဲ့ပါတယ်။
အစိုးရရှေ့နေတွေက မင်နီယာပိုးလစ်မြို့က ရဲအရာရှိလေးဦးကို ဂျော့ဖလွိုက်သေဆုံးမှု အတွက် စွဲချက်အသစ်တွေ တင်ထားခဲ့ပါတယ်။
အမေရိကန်မြို့ကြီးတွေမှာ ဖြစ်ပေါ်နေတဲ့ ဆန္ဒပြပွဲတွေမှာ တချို့နေရာတွေမှာတော့ ရဲနဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ခဲ့တာရှိပါတယ်။
နယူးယောက်မြို့မှာလည်း ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ရုန်းရင်းဆန်ခတ်ဖြစ်မှုတွေ ရှိခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
9 months Ago