အမေရိကန်ဗုံးကြဲလေယာဉ်

August 30, 2020

အမေရိကန်ဗုံးကြဲလေယာဉ် လမ်းကြောင်းတွင် ရုရှားတိုက်လေယာဉ် ကြားဖြတ်ပျံသန်း

ပင်လယ်နက်အပေါ်မှာ ဖြတ်ကျော်ပျံသန်းနေတဲ့ အမေရိကန်လေတပ် B-52 ဗုံးကြဲလေယာဉ် ကို ရုရှားတိုက်လေယာဉ် ၂ စီးက ဘေးမကင်း၊ ပညာရှင်မဆန်တဲ့အနေအထားနဲ့ ကြားဖြတ် ပျံသန်းခဲ့တယ်လို့ အမေရိကန်အစိုးရက သြဂုတ် ၂၈ ရက်မှာ စွပ်စွဲလိုက်ပါတယ်။  ကြားဖြတ် ပျံသန်းတဲ့လေယာဉ်တွေဟာ Su-27 ဂျက်လေယာဉ်တွေ ဖြစ်တယ်လို့  ဗုံးကြဲ လေယာဉ်ရဲ့ နှုတ်သီးနားကနေ ပေ ၁၀၀ အကွာလောက်က ခွာပြီး အကြိမ်ရေ အတော်များများ ဖြတ်ပျံခဲ့တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။  ဒါကြောင့် လေပွေတွေဖြစ်ကုန်ပြီး ဗုံးကြဲလေယာဉ်ကို ကိုင်တွယ် မောင်းနှင်နိုင်စွမ်းကို ကန့်သတ်သလို ဖြစ်ခဲ့တယ်လို့လည်း ဆက်ပြောခဲ့ပါတယ်။  ကြားဖြတ်ခံရချိန်က B-52 ဗုံးကြဲလေယာဉ်ဟာ နိုင်ငံတကာ ရေပိုင်နက်အပေါ်ကနေ ပုံမှန် လုပ်ဆောင်ချက်အတိုင်း ပျံသန်းနေခဲ့တာလို့လည်း အမေရိကန်အစိုးရက အခိုင်အမာ ပြောပါတယ်။
1 year Ago
Up