အမေရိကန်ပြော

November 19, 2019

အစ္စရေးသိမ်းပိုက်မြေတွင်  ဂျူးအခြေချရပ်ကွက် တည်ဆောက်ခွင့်ရှိဟု အမေရိကန်ပြော

အစ္စရေးက သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းဒေသမှာ ဂျူးအခြေချ ရပ်ကွက်တွေ တည်ဆောက်ဖို့ အစ္စရေးအစိုးရမှာ အခွင့်အရေးရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပေအိုက ပြောပါတယ်။ ဒီနေရာဟာ အနှစ် ၄၀ လောက် စွန့်ပစ်ခံထားရတဲ့နေရာဖြစ်လို့ အရင်တုန်းက အနေအထားအတိုင်း ဆက်ထားရင် နိုင်ငံတကာဥပဒေနဲ့ မညီညွတ်တော့ဘူးလို့လည်း ပြောပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ခုလို  ကြေညာချက်ဟာ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုအတွက် အောင်ပွဲဖြစ်သလို ဂျူးအခြေချ ရပ်ကွက်တွေ တည်ဆောက်ဖို့  ထိထိရောက် ရောက် ကျောထောက်နောက်ခံ ပေးလိုက်တာလည်း ဖြစ်ပါတယ်။  အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ကြေညာချက်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်မှာ အစ္စရေးဘက်ကိုလိုက်တဲ့ သုံးကြိမ်မြောက် အကြီးစား ရပ်တည်ချက်လည်း ဖြစ်ပြီး  ပါလက်စတိုင်းတွေအတွက်ကတော့ ရှုံးပွဲ ဖြစ်ပါတယ်။
2 years Ago

September 15, 2019

အိုစမာဘင်လာဒင်၏သားကို စစ်ဆင်ရေးအတွင်း အသေဖမ်းမိခဲ့ဟု အမေရိကန်ပြော

စက်တင်ဘာ ၁၁ တိုက်ခိုက်မှု နောက်ကွယ်က အဓိကကြိုးကိုင်သူလို့ သံသယရှိတဲ့ အယ်လ်ကိုင်းဒါး ခေါင်းဆောင် အိုစမာဘင်လာဒင်ရဲ့ သားဖြစ်သူ ဟမ်ဇာဘင်လာဒင်ကို အမေရိကန် အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ဆင်ရေးအတွင်း အသေဖမ်းမိခဲ့တယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က စက်တင်ဘာ ၁၄ ရက်မှာ ပြောပါတယ်။  ဟမ်ဇာဟာလည်း အယ်လ်ကိုင်းဒါး ထိပ်သီးခေါင်းဆောင် တဦးပါ။ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန် နယ်စပ်ဒေသက စစ်ဆင်ရေးအတွင်း အသေဖမ်းမိတာလို့ အိမ်ဖြူတော် ကြေညာချက်က ဆိုပါတယ်။ ဟမ်ဇာဘင်လာဒင်ကို ဆုံးရှုံးတာဟာ အယ်လ်ကိုင်းဒါးတွေအတွက် အရေးပါတဲ့ ခေါင်းဆောင်မှုဆိုင်ရာ ကျွမ်းကျင်မှုတွေနဲ့ သူ့အဖေနဲ့ ပတ်သက်တဲ့ အထင်ကရ ကွန်ရက်တွေကို ဆုံးရှုံးလိုက်တာပဲ၊ ဒါ့အပြင် အယ်လ်ကေဒါ အုပ်စုထဲက အရေးပါတဲ့စစ်ဆင်ရေး လှုပ်ရှားမှုတွေကိုလည်း လှိုက်စားစေလိမ့်မယ်လို့ ကြေညာချက်က ဆိုပါတယ်။  အသက် ၃၀ လောက် ရှိတယ်လို့ ယုံကြည်ရတဲ့ ဟမ်ဇာဟာ စက်တင်ဘာ ၁၁ တိုက်ခိုက်မှု မတိုင်ခင်က အာဖဂန်နစ္စတန်မှာ သူ့အဖေဘေး ရှိနေခဲ့သူလို့ မီဒီယာတွေက အစီရင်ခံပါတယ်။ အမေရိကန် ဦးဆောင်ပြီး အာဖဂန်နစ္စတန်နိုင်ငံထဲက အယ်လ်ကိုင်းဒါး အကြီးပိုင်း ခေါင်းဆောင်တွေကို ဝင်တိုက်အပြီးမှာလည်း သူ့အဖေနဲ့အတူ ပါကစ္စတန်နိုင်ငံထဲမှာ ရှိနေခဲ့တယ်လို့ ဘရွတ်ကင်းစ် အမေရိကန်အစိုးရ တတ်သိပညာရှင်အဖွဲ့က ပြောပါတယ်။  ဟမ်ဇာသေသွားပြီလို့ ဒီကိစ္စကိုသိတဲ့ အမေရိကန်အရာရှိ တယောက်ကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက ဇူလိုင် ၃၁ ရက်မှာ အစီရင်ခံဖူးပါတယ်။  ဒါပေမယ့် စစ်ဆင်ရေးကို အတည်ပြုကြောင်း အမေရိကန်အစိုးရက ခုမှ ပထမဆုံးအကြိမ် ကြေညာချက် ထုတ်ပြန်ပြောဆိုတာ ဖြစ်ပါတယ်။ ================================ အိုစမာဘင္လာဒင္၏သားကို စစ္ဆင္ေရးအတြင္း အေသဖမ္းမိခဲ့ဟု အေမရိကန္ေျပာ DVB စက္တင္ဘာ ၁၁ တိုက္ခိုက္မႈ ေနာက္ကြယ္က အဓိကႀကိဳးကိုင္သူလို႔ သံသယရွိတဲ့ အယ္လ္ကိုင္းဒါး ေခါင္းေဆာင္ အိုစမာဘင္လာဒင္ရဲ႕ သားျဖစ္သူ ဟမ္ဇာဘင္လာဒင္ကို အေမရိကန္ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး စစ္ဆင္ေရးအတြင္း အေသဖမ္းမိခဲ့တယ္လို႔ အေမရိကန္သမၼတ အိမ္ျဖဴေတာ္က စက္တင္ဘာ ၁၄ ရက္မွာ ေျပာပါတယ္။ ဟမ္ဇာဟာလည္း အယ္လ္ကိုင္းဒါး ထိပ္သီးေခါင္းေဆာင္ တဦးပါ။ အာဖဂန္နစၥတန္နဲ႔ ပါကစၥတန္ နယ္စပ္ေဒသက စစ္ဆင္ေရးအတြင္း အေသဖမ္းမိတာလို႔ အိမ္ျဖဴေတာ္ ေၾကညာခ်က္က ဆိုပါတယ္။ ဟမ္ဇာဘင္လာဒင္ကို ဆုံးရႈံးတာဟာ အယ္လ္ကိုင္းဒါးေတြအတြက္ အေရးပါတဲ့ ေခါင္းေဆာင္မႈဆိုင္ရာ ကြၽမ္းက်င္မႈေတြနဲ႔ သူ႔အေဖနဲ႔ ပတ္သက္တဲ့ အထင္ကရ ကြန္ရက္ေတြကို ဆုံးရႈံးလိုက္တာပဲ၊ ဒါ့အျပင္ အယ္လ္ေကဒါ အုပ္စုထဲက အေရးပါတဲ့စစ္ဆင္ေရး လႈပ္ရွားမႈေတြကိုလည္း လႈိက္စားေစလိမ့္မယ္လို႔ ေၾကညာခ်က္က ဆိုပါတယ္။ အသက္ ၃၀ ေလာက္ ရွိတယ္လို႔ ယုံၾကည္ရတဲ့ ဟမ္ဇာဟာ စက္တင္ဘာ ၁၁ တိုက္ခိုက္မႈ မတိုင္ခင္က အာဖဂန္နစၥတန္မွာ သူ႔အေဖေဘး ရွိေနခဲ့သူလို႔ မီဒီယာေတြက အစီရင္ခံပါတယ္။ အေမရိကန္ ဦးေဆာင္ၿပီး အာဖဂန္နစၥတန္ႏိုင္ငံထဲက အယ္လ္ကိုင္းဒါး အႀကီးပိုင္း ေခါင္းေဆာင္ေတြကို ဝင္တိုက္အၿပီးမွာလည္း သူ႔အေဖနဲ႔အတူ ပါကစၥတန္ႏိုင္ငံထဲမွာ ရွိေနခဲ့တယ္လို႔ ဘ႐ြတ္ကင္းစ္ အေမရိကန္အစိုးရ တတ္သိပညာရွင္အဖြဲ႕က ေျပာပါတယ္။ ဟမ္ဇာေသသြားၿပီလို႔ ဒီကိစၥကိုသိတဲ့ အေမရိကန္အရာရွိ တေယာက္ကို ကိုးကားၿပီး ႐ိုက္တာ သတင္းဌာနက ဇူလိုင္ ၃၁ ရက္မွာ အစီရင္ခံဖူးပါတယ္။ ဒါေပမယ့္ စစ္ဆင္ေရးကို အတည္ျပဳေၾကာင္း အေမရိကန္အစိုးရက ခုမွ ပထမဆုံးအႀကိမ္ ေၾကညာခ်က္ ထုတ္ျပန္ေျပာဆိုတာ ျဖစ္ပါတယ္။
2 years Ago
Up