မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
အမေရိကန်ပြန် သတို့သား
Home
အမေရိကန်ပြန် သတို့သား
A
d
v
e
r
t
i
s
e
m
e
n
t
With Us
March 27, 2020
2.2K
COVID-19 စောင့်ကြည့်ခံ အမေရိကန်ပြန် သတို့သား၏ မင်္ဂလာဆောင်ကို တားမြစ်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန်းနီမြို့မှာ အမေရိကန်နိုင်ငံကနေ အလည်အပတ်ပြန်လာတဲ့ မြန်မာနိုင်ငံသားတဦးဟာ COVID-19 ရောဂါ ရှိ၊ မရှိ စောင့်ကြည့်ခံနေရစဉ် မင်္ဂလာဆောင်ဧည့်ခံပွဲ အခမ်းအနား ကျင်းပတဲ့အတွက် တားမြစ်လိုက်တယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံသား အသက် ၃၈ နှစ်အရွယ် မောင်လုတ်ဆိန်းဇော်သိန်းဟာ အမေရိကန်နိုင်ငံကနေ မြန်မာနိုင်ငံကို မတ်လ ၁၂ ရက်က မိသားစု ၃ ဦးနဲ့အတူ အလည်အပတ် ပြန်လာပြီး မတ် ၂၇ ရက်နေ့မှာ သိန်းနီးမြို့ အမှတ် ၃ ရပ်ကွက်၊ ဦးဖော်ဒါထွန်းနေအိမ်မှာ မင်္ဂလာအကြိုနဲ့ မတ် ၂၈ ရက် ဒီကနေ့မှာ မင်္ဂလာဆောင်အခမ်းအနားကို ကျင်းပဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
သိန်းနီမြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်ဦးက “ယူအက်စ်အေက ပြန်ရောက်လာတဲ့သူ ရှိပါတယ်။ ကျနော်တို့လည်း လောလောဆယ် စောင့်ကြည့်နေတယ်။ ကျနော်တို့ကတော့ နိုင်ငံခြားပြန်တွေ စာရင်းကောက်ပြီးတော့ စောင့်ကြည့်နေပါတယ်။ ဒီစောင့်ကြည့်ကာလမှာ လုံးဝ မင်္ဂလာဆောင်တာ၊ အပြင်သွားတာ လက်မခံပါဘူး။ မြို့နယ်မှာ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ စာလည်း ထွက်မှာဖြစ်တယ်။ မင်္ဂလာဆောင်ရင် တားမြစ်မှာ ဖြစ်တယ်”လို့ ပြောပါတယ်။
သတို့သားဟာ နိုင်ငံခြားကနေ ပြန်လည်ဝင်ရောက်လာသူဖြစ်ပြီး COVID-19 စောင့်ကြည့်ခံထားရသူ ဖြစ်သလို ရောဂါဖြစ်ပွားမှုနှုန်း တိုးပွားလာနေချိန် လူစုလူဝေး၊ ပျော်ပွဲရွှင်ပွဲ မပြုလုပ်ဖို့ တားမြစ်ထားချိန်မှာ မင်္ဂလာဧည့်ခံပွဲ ကျင်းပတာနဲ့ပတ်သက်ပြီး ဒေသခံတွေက စိုးရိမ်နေကြသလို ဝေဖန်ပြောဆိုမှုတွေပါ ရှိနေပါတယ်။
မတ် ၂၅ ရက် ညနေပိုင်းအထိ သိန်းနီမြို့နယ်အတွင်း ပြည်ပနိုင်ငံတွေက ထင်ရောက်လာသူ ၇၁ ဦးရှိရာမှာ မြို့ပေါ်ရပ်ကွက်နေထိုင်သူ ၂၄ ဦး၊ ကျေးလက်ဒေသနေထိုင်သူ ၄၇ ဦးကို သတ်မှတ်ထားတဲ့ စောင့်ကြည့်နေရာတွေမှာ ၁၄ ရက်ကြာ စောင့်ကြည့်သွားမယ့်အပြင် ထပ်မံဝင်ရောက်လာသူတွေကိုလည်း စိစစ်စောင့်ကြည့်သွားမယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
မတ် ၂၆ ရက်အထိ ကျန်းမာရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ COVID-19 ရောဂါဓာတ်ခွဲစစ်ဆေး အတည်ပြုလူနာ ၅ ဦးရှိနေပြီး ရောဂါတွေ့ရှိခဲ့သူ ၂ ဦးက အမေရိကန်က ပြန်လာတဖြစ်ပြီး ၂ ဦးက အင်္ဂလန်ကပြန်လာတာဖြစ်ကာ ကျန် ၁ ဦးကတော့ စင်ကာပူနဲ့ ဩစတြေးလျနိုင်ငံက ဖြစ်ပါတယ်။
မြန်မာနိုင်ငံကို ပြည်ပနိုင်ငံတွေကနေ ဝင်ရောက်လာသူတွေဟာ COVID-19 ရောဂါကင်းရှင်းကြောင်း ဓာတ်ခွဲဆေးစစ်ချက် အထောက်အထားပြသဖို့ လိုအပ်သလို မြန်မာနိုင်ငံကို စတင်ရောက်ရှိချိန်ကစပြီး နေအိမ်နဲ့ စောင့်ကြည့်နေရာတွေမှာ ၁၄ ရက်သီးသန့် နေထိုင်စောင့်ကြည့်မှု ပြုလုပ်ရမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ရဲမင်းခေါင်
11 months Ago
© Copyright 2020 DVB Designed and Developed by
Digit X Myanmar
.
Up