အမေရိကန်ပူးတွဲစစ်ဦးစီးချုပ်

November 14, 2019

အမေရိကန်ပူးတွဲစစ်ဦးစီးချုပ် တောင်ကိုရီးယားနှင့် နှစ်နိုင်ငံလုံခြုံရေးဆိုင်ရာ ဆွေးနွေးမည်

အမေရိကန်ပူးတွဲစစ်ဦးစီးချုပ် မက်ခ်မစ်လီဟာ နိုဝင်ဘာ ၁၄ ရက်က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကို ရောက်ရှိခဲ့ပြီး အဲဒီမှာကျင်းပတဲ့ ကြိုဆိုပွဲအခမ်းအနားကို တက်ရောက် ခဲ့ပါတယ်။  မက်ခ်မစ်လီဟာ အမေရိကန်-တောင်ကိုရီးယားနှစ်နိုင်ငံကြား လုံခြုံရေးဆိုင်ရာအစီ အစဉ်တွေကို တောင်ကိုရီးယားခရီးစဉ်မှာ ဆွေးနွေးသွားမယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။  ၄၄ ကြိမ်မြောက် စစ်ဘက်ကော်မတီအစည်းအဝေး(MCM)မှာတော့ အမေရိကန်စစ်သားတွေကို လက်ခံထားရတဲ့ ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၅ ဘီလီယံရရှိရေးကိစ္စ၊ ဒေသတွင်း‌စည်းလုံးမှု ပြေလျောစေ့နိုင်တဲ့ တောင်ကိုရီးယားနဲ့ဂျပန်အကြား တင်းမာမှုကိစ္စ စတဲ့အချက်တွေကို အဓိကဆွေးနွေးသွားနိုင်ဖွယ် ရှိပါတယ်။   မက်ခ်မစ်လီဟာ နိုဝင်ဘာ ၁၇ရက်မှာ ဂျပန်ကို ဆက်သွားမယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။  မြောက်ကိုရီးယားရဲ့ခြိမ်းခြောက်မှုရန်ကနေ ကာကွယ်ဖို့ တောင်ကိုရီးယားနိုင်ငံမှာ အမေရိကန်စစ်သားတွေ တပ်ချထားတဲ့ ကုန်ကျစရိတ်ကို တောင်ကိုရီးယားအစိုးရအနေနဲ့ ပိုများတဲ့ ပမာဏထည့်ဝင်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အတင်းအကြပ် တောင်းဆို ထားပါတယ်။  တောင်ကိုရီးယားနဲ့ ဂျပန်တို့ဟာ ချမ်းသာကြွယ်ဝသလို  သူတို့ဘာသာ ကာကွယ်နိုင်ပါလျက်နဲ့ ဘာကြောင့် အမေရိကန်စစ်သားတွေကို တပ်ချထားရတယ်ဆိုတာ အမေရိကန်ပြည်သူတွေကြားမှာ မေးခွန်းထုတ်နေကြတယ်လို့ မက်ခ်မစ်လီက သတင်းထောက်တွေကို ပြောပါတယ်။ 
2 years Ago
Up