အမေရိကန်နိုင်ငံသားများ

March 25, 2020

မြန်မာပြည်ရောက် အမေရိကန်နိုင်ငံသားများအတွက် သံရုံးက ကြေညာချက်ထုတ်ပြန်

       လတ်တလော ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် COVID-19 ကူးစက်ပျံ့နှံ့မှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံသားတွေအတွက် လုပ်ဆောင်ရမယ့်အချက်တွေကို အမေရိကန် သံရုံးကနေ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။        ဒီကြေညာချက်ထဲမှာတော့ လတ်တလောအခြေအနေ သတင်းရင်းမြစ်တွေနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံသားတွေအတွက် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် US Citizens Seeking COVID-19 Information အမည်နဲ့ ဖော်ပြချက်မှာတော့ အမေရိကန်နိုင်ငံသားတွေအနေနဲ့ လုပ်ဆောင်ဖို့ အဆင့် ၅ ဆင့်ကို ဖော်ပြထားပါတယ်။  သံရုံးရဲ့ နောက်ဆုံးရသတင်းတွေကို လက်ခံရယူဖို့ STEP.state.gov မှာ စာရင်းသွင်းဖို့၊ တွစ်တာလူမှုကွန်ရက်ပေါ်မှာ ပုံမှန်စစ်ဆေးဖို့၊ ကမ္ဘာတဝန်းခရီးသွားလာမှုတွေနဲ့ ပတ်သက်ပြီး travel.state.gov မှာ စစ်ဆေးဖို့၊ ကျန်းမာရေးဆိုင်ရာ နောက်ဆုံးရသတင်း တွေအတွက် CDC.gov မှာ စစ်ဆေးကြည့်ရှုဖို့နဲ့ အရေးပေါ်အကူအညီလိုအပ်လာရင် မြန်မာနိုင်ငံဆိုင်ရာ သံရုံးအီးမေးလ်လိပ်စာ [email protected] ဆီ အမြန်ဆုံး ဆက်သွယ်ဖို့တွေ ပါဝင်ပါတယ်။ အခုချိန်ထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၃ ယောက် ရှိပြီဖြစ်ပြီး စောင့်ကြည့်/သံသယလူနာဦးရေ စုစုပေါင်း ၂၃၈ ယောက် ရှိနေပါတယ်။ တကမ္ဘာလုံးမှာတော့ ဒီနေ့မနက် ၈ နာရီခွဲအထိ နိုင်ငံ နေရာဒေသပေါင်း ၁၉၇ ခုမှာ ကူးစက်ခံရသူ ၄၃၄၅၉၅ ယောက်၊ သေဆုံးသူ ၁၉၆၀၃ ယောက်နဲ့ ပြန်လည်သက်သာလာသူ ၁၁၁၈၅၈ ယောက်ရှိပြီလို့ အတည်ပြုထားပါတယ်။
2 years Ago
Up