အမေရိကန်ဒုသမ္မတ

December 19, 2020

ကာကွယ်ဆေးဘေးကင်းမှု ပြည်သူသိရှိစေရန် အမေရိကန်ဒုသမ္မတ ကိုဗစ်ကာကွယ်ဆေးထိုး

အမေရိကန်ဒုသမ္မတ မိုက်ပန့်စ်ဟာ   ဒီဇင်ဘာ ၁၈ ရက်က ကိုဗစ်ကာကွယ်ဆေး ထိုးနှံခံခဲ့ပြီး ကာကွယ်ဆေးထိုးနှံတာကို  ရုပ်သံကနေ တိုက်ရိုက်လွှင့်ခဲ့ပါတယ်။  အမေရိကန်မှာ  ၃ ရက်ဆက်တိုက်  ကိုဗစ်ကြောင့် သေဆုံးသူအရေအတွက် ၃,၀၀၀ ကျော် ခဲ့ပြီးနောက် ကာကွယ်ဆေးထိုးတာကို လူထုထောက်ခံအောင် ဒုသမ္မတ ပန့်စ်က ကြိုးပမ်းတာပါ။  ဒုသမ္မတ ပန့်စ်၊ ဒုသမ္မတကတော် ကယ်ရန်ပန့်စ်နဲ့  ရေတပ်ဒုဗိုလ်ချုပ်ကြီး ဂျရွမ်းအက်ဒမ်တို့ ဟာ အများပြည်သူရှေ့မှာ ဖိုင်ဇာကုမ္ပဏီထုတ် ကိုဗစ်ကာကွယ်ဆေးထိုးနှံခံတဲ့  အထင်ကရ ပုဂ္ဂိုလ်တွေ ဖြစ်လာပါတယ်။  ကာကွယ်ဆေးထိုးပြီးတဲ့နောက်မှာ  ပန့်စ်က သူဘယ်လိုမှ မခံစားရဘူးလို့ ပြောခဲ့ပါတယ်။ ကာကွယ်ဆေး ဘေးကင်းမှုအပေါ် အများပြည်သူတွေ သံသယကင်းစေဖို့ ကြိုးပမ်းမှု တရပ်အဖြစ် သူတို့ ၃ ယောက်နောက်မှာ  နိုင်ငံရေးခေါင်းဆောင်တွေ ဆက်တိုက် ကာကွယ်ဆေး ထိုးနှံလာနိုင်ပါတယ်။  ဒီဇင်ဘာ ၁၇ ရက်က အမေရိကန်မှာ ကိုဗစ်အသစ်ကူးစက်သူ ၂၃၉,၀၀၀ ကျော် ရှိခဲ့ပြိး  စုစုပေါင်း ကိုဗစ်ကူးစက်ခံရသူ ၁၇- သန်း ကျော်သွားပြီလို့ ရိုက်တာက ဖော်ပြပါတယ်။
4 months Ago

May 11, 2020

အမေရိကန်ဒုသမ္မတ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်းမရှိ

အမေရိကန်ဒုသမ္မတ မိုက်ပန့်စ်ဟာ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ရောဂါခြေချုပ်နဲ့ သီးခြားခွဲ နေရတဲ့  Quarantine ဝင်ရခြင်းမရှိဘဲ မေလ ၁၁ ရက်က အိမ်ဖြူတော်မှာ လုပ်ငန်းတာဝန်တွေကို ပြန်လည်ဆောင်ရွက်မယ်လို့ သူ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။  မိုက်ပန့်စ်ရဲ့ ပြောခွင့်ရအမျိုးသမီး ကေတီမေလာဟာ ကိုရိုနာဗိုင်းရပ်စ်ကူး စက်ခံထားရပြီးနောက် ဒုသမ္မတရဲ့အခြေအနေနဲ့ပတ်သက်ပြီး ပြောကြားခဲ့တာပါ။ ဒုသမ္မတဟာ အိမ်ဖြူတော် ဆေးဘက်ဆိုင်ရာအဖွဲ့ရဲ့ အကြံပေးချက်အတိုင်း လိုက်နာသွားမှာဖြစ်ပြီး နေ့တိုင်း ဆေးစစ်ချက်အရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်း မရှိဘူးလို့ ဆိုပါတယ်။ အမေရိကန်အစိုးရဟာ သမ္မတဒေါ်နယ်ထရမ့်ပ်နဲ့ ဒုသမ္မတ မိုက်ပန့်စ်တို့ကို ခွဲထားဖို့ အစီအစဉ်မရှိဘူးလို့လည်း မေ ၁၀ ရက်နေ့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်ပ် ၇၃ နှစ်နဲ့ ပန့်စ် ၆၀ နှစ်တို့ဟာ အမေရိကန်ကူးစက်ရောဂါ ထိန်းချုပ်ရေးအဖွဲ့ CDC က သတ်မှတ်ထားတဲ့အတိုင်း မျက်နှာဖုံးအကာအကွယ် မဝတ်ဘဲ လူများစု ရှိရာနေရာတွေမှာ သွားလာနေခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
12 months Ago
Up