အမေရိကန်တရားရေးဌာန

November 7, 2019

ဆော်ဒီအတွက် သူလျှိုလုပ်ပေးမှုဖြင့် တွစ်တာဝန်ထမ်း ၂ ဦးကို အမေရိကန် တရားစွဲ

ဆော်ဒီအစိုးရအတွက် သူလျှိုလုပ်ပေးမှုကြောင့် တွစ်တာဝန်ထမ်းဟောင်းနှစ်ယောက်နဲ့  ဆော်ဒီအမျိုးသားတယောက်တို့ကို နိုဝင်ဘာ ၆ ရက်နေ့မှာ အမေရိကန်တရားရေးဌာနက တရားစွဲဆိုလိုက်ပါတယ်။ ပုဂ္ဂလိက တွစ်တာအသုံးပြုသူတွေဆီက  သတင်းအချက်အလက်တွေကို သူတို့ကရှာဖွေပြီး ဆော်ဒီအာဏာပိုင်တွေကို ပေးခဲ့တယ်လို့ တိုင်တန်းချက်က ဆိုပါတယ်။ တွစ်တာမှာလုပ်ခဲ့တဲ့ အလီ အယ်ဇာဘာရာ၊ အာမက် အဘူဟာမိုနဲ့ ဆော်ဒီတော်ဝင် မိသားစုဆီမှာ လုပ်ခဲ့တဲ့ အာမက် အယ်မော့ဂျီရီတို့ဟာ နိုင်ငံခြားအေးဂျင့်အဖြစ် မှတ်ပုံမတင်ဘဲ  ဆော်ဒီအစိုးရအတွက် အလုပ်လုပ်ပေးတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ရင်ဆိုင်နေရတာပါ။  တိုင်တန်းချက်အရ ၂၀၁၅ ခုနှစ် အစောပိုင်းတုန်းက အဘူဟာမိုဟာ ထင်ရှားတဲ့ ဆော်ဒီတော်ဝင်မိသားစု ဝေဖန်ရေးသမားတဦးရဲ့ တွစ်တာအကောင့်ထဲကို အကြိမ်ကြိမ် ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။  သာဓက တခုအနေနဲ့ အဘူဟာမိုဟာ  အဲဒီအကောင့်နဲ့ ဆက်စပ်နေတဲ့ အီးမေးလ်လိပ်စာနဲ့ ဖုန်းနံပါတ်ကို မြင်တွေ့နိုင်ပါတယ်။ ဒါ့အပြင် သူဟာ ဆော်ဒီအစိုးရ ဝေဖန်သူ နောက်တဦးရဲ့ အကောင့်ထဲဝင်ပြီး ကိုယ်ရေးသတင်းအချက်အလက်တွေ ရယူခဲ့ပါတယ်။ အဲဒီသတင်းအချက်အလက်ကိုသုံးပြီး ပို့စ်တွေတင်တဲ့ တွစ်တာအသုံးပြုသူတွေကို ဖော်ထုတ်ရှာဖွေနိုင်တယ်လို့ အမေရိကန် တရားရေးဌာန သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 
2 years Ago
Up