အမေရိကန်စီးပွားရေး

June 22, 2022

အမေရိကန်စီးပွားရေး အကျဘက်ဦးတည်နေဟု ပညာရှင်များ သတိပေး

အမေရိကန်စီးပွားရေးဟာ အရင် သမိုင်းဝင်စံချိန်စံနှုန်းတွေနဲ့အတူ အကျဘက်ကို ဦးတည်နေတယ်လို့ ပညာရှင်တွေက သတိပေးလိုက်ပါတယ်။

အမေရိကန် စတော့ရှယ်ယာနဲ့ အစိုးရ ငွေချေးစာချုပ် ဘွန်းစျေးကွက်တွေနဲ့ ပတ်သက်တဲ့ လတ်တလော ကိန်းဂဏန်းတွေက ရှေ့လျှောက် ခက်ခဲတဲ့အချိန်တွေကို ရင်ဆိုင်ဖို့ စိုးရိမ်စရာတွေ ဖြစ်နေတယ်လို့လည်း သတိပေးပါတယ်။

ဇွန် ၂၁ ရက်က အမေရိကန် စတော့စျေးကွက် ပြန်တက်လာခဲ့ပေမဲ့ ရေတိုမှာ ပြန်မတ်လာတာဟာ ငွေကြေးဖောင်းပွတာ၊ အတိုးနှုန်း မြင့်တက်တာတွေကြောင့် အဆိုးမြင်နေကြတဲ့အချိန်မှာ လူတွေရဲ့ယုံကြည်ချက်ကို ပြန်ရလာမှာ မဟုတ်ဘူးလို့ အကဲခတ်တွေက ပြောပါတယ်။

Standard and Poor's 500 အညွှန်းကိန်းဟာ ၅ ဒသမ ၇၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး Nasdaq Composite Index ကတော့ ၄ ဒသမ ၇၈ ရာခိုင်နှုန်း ကျဆင်းသွားခဲ့တာပါ။

Dow Jones Industrial Average ကတော့ ဇွန် ၁၃ ရက်မှ ၁၇ ရက်အထိ ကုန်သွယ်မှု ရက်သတ္တပတ်အတွင်း ၄ ဒသမ ၇၉ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။

ကျယ်ပြန့်တဲ့ စျေးကွက်ညွှန်းကိန်းက ၂၀ ရာခိုင်နှုန်းထိ ကျဆင်းသွားတာနဲ့ တပြိုင်နက် အမေရိကန် စတော့ဈေးကွက်ဟာ ပျမ်းမျှ ၃၀ ရာခိုင်နှုန်းကျော်အထိ ကျဆင်းလာပြီး အထွတ်အထိပ် ရောက်တဲ့အထိ ကျဆင်းသွားလိမ့်မယ်လို့ စျေးကွက်လေ့လာသုံးသပ်သူတွေက  ယုံကြည်နေကြပါတယ်။

6 months Ago

January 15, 2021

အမေရိကန်စီးပွားရေးတွန်းအားပေးမည့် ဒေါ်လာ ၁.၉ ထရီလီယံအစီအစဉ်ကို သမ္မတသစ်ကြေညာ

ကပ်ရောဂါကြောင့် ထိခိုက်ခဲ့တဲ့ အမေရိကန်စီးပွားရေးကို တွန်းအားပေးမယ့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ထရီလီယံ အစီအစဉ်ကို ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်က  ဇန်နဝါရီ ၁၄ ရက်မှာ ကြေညာလိုက်ပါတယ်။  စီးပွားရေးကို အမြန်စတင်ဖို့နဲ့ ကပ်ရောဂါ တုံ့ပြန်ရေးကို  အရှိန်မြှင့်ဖို့ ရဲရင့်တဲ့ ရင်းနှီးမြှုပ်နှံမှု လိုအပ်တယ်ဆိုတဲ့ မှတ်ချက်စကားကိုလည်း ဘိုင်ဒင်က ဆိုခဲ့ပါတယ်။ မနှစ်က ရွေးကောက်ပွဲ မဲဆွယ်ရာမှာ ဘိုင်ဒင်က ကပ်ရောဂါ တုံ့ပြန်ရေးကို သမ္မတ ထရမ့်ထက် ပိုအလေးထားမယ်လို့ ကတိပြုခဲ့ပြီး ဒီအစီအစဉ်ဟာ  ကပ်ရောဂါတုံ့ပြန်ရေးနဲ့ စီးပွားရေး နာလန်ထရေးအတွက် ရင်းမြစ်တွေ စုပြုံထည့်သွင်းပြိး ရွေးကောက်ပွဲ ကတိကဝတ်ကို အကော်ထည်ဖော်ဖို့ ရည်ရွယ်ပါတယ်။ "လူတွေ အကြိးအကျယ် ဒုက္ခရောက်နေတဲ့ပြဿနာကို အထင်းသားမြင်နေရပြီး အချိန်ဖြုန်းရမှာ မဟုတ်ဘူး။ အခုပဲ ဆောင်ရွက်ရမယ်" လို့ ဘိုင်ဒင်က  ပြောဆိုခဲ့ပါတယ်။   ဘိုင်ဒင်ရဲ့ အကူအညီပေးရေး အစီအစဉ်မှာ ကပ်ရောဂါ တုံ့ပြန်ရေးနဲ့ ကာကွယ်ဆေး ဖြန့်ချိရေးအတွက် အမေရိကန်ဒေါ်လာ ၄၁၅ ဘီလီယံ၊ အိမ်ထောင်စုတွေကို တိုက်ရိုက်ထောက်ပံ့ငွေ ဒေါ်လာ ၁ ထရီလီယံ  နဲ့ ကပ်ရောဂါကြောင့် အထိနာခဲ့တဲ့ လုပ်ငန်းငယ်တွေနဲ့ အသိုက်အဝန်းတွေအတွက် အကြမ်းဖျင်း ဒေါ်လာ ၄၄၀ ဘီလီယံတို့ ပါဝင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ 
2 years Ago
Up