အမေရိကန်စစ်သင်္ဘေ

January 17, 2020

ထိုင်ဝမ်ရေလက်ကြားကို အမေရိကန်စစ်သင်္ဘောများ ဖြတ်သန်းမှု စောင့်ကြည့်ခဲ့ဟု တရုတ်ပြော

ထိုင်ဝမ်ရေလက်ကြားအတွင်း အမေရိကန်စစ်သင်္ဘောတွေ ဖြတ်သန်းမှုကို တရုတ်က အနီးကပ်စောင့်ကြည့်ခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၇ ရက်မှာ သတင်း ထုတ်ပြန်လိုက်ပါတယ်။  ထိုင်ဝမ်သမ္မတရွေးကောက်ပွဲမှာ တရုတ်ဆန့်ကျင်ရေးမူဝါဒနဲ့ စိုင်းအင်ဝမ် ဒုတိယသက်တမ်း ရွေးကောက်ခံရပြီး သီတင်းတပတ်ထဲမှာ ရေလက်ကြားအတွင်း  အမေရိကန်စစ်သင်္ဘောတွေ ဖြတ်သန်းခဲ့ပါတယ်။  တရုတ်အစိုးရက ထိုင်ဝမ်ဟာ တရုတ်နိုင်ငံ အစိတ်အပိုင်းဖြစ်တယ်လို့ ပြောထားပါတယ်။ “အမေရိကန်အနေနဲ့ တရုတ်အစိုးရရဲ့ တနိုင်ငံ စနစ်နှစ်မျိုးမူကို လေးစားလိုက်နာဖို့နဲ့ ထိုင်ဝမ်နဲ့ဆက်နွှယ်တဲ့ ကိစ္စတွေမှာ တရုတ်-အမေရိကန် ဆက်ဆံရေး  ဒါမှမဟုတ် ဒေသတည်ငြိမ်ရေးကို မထိခိုက်စေတဲ့နည်းလမ်းနဲ့ ဆက်ဆံဖို့ တရုတ်အစိုးရက တိုက်တွန်းတယ်” လို့ နိုင်ငံခြားရေး ဌာနပြောခွင့်ရ ပုဂ္ဂိုလ် ဂန်ရှောင်းက ပြောခဲ့ပါတယ်။  ထိုင်ဝမ်ကို တရုတ်လက်အောက် ပြန်ရောက်အောင် ငြိမ်းချမ်းစွာဖြေရှင်းတာ ပိုမိုနှစ်သက်တယ်လို့ တရုတ်သမ္မတ ရှီကျင့်ပင် ပြောခဲ့ပေမဲ့ လိုအပ်ရင် အင်အားသုံးသွားမယ်လို့ လွန်ခဲ့တဲ့ တနှစ်တုန်းက  သမ္မတ ရှီက ခြိမ်းခြောက်ခဲ့ပါတယ်။ 
1 year Ago
Up