.အမေရိကန်ဂျာနယ်လစ်

A d v e r t i s e m e n t With Us

January 29, 2021

အမေရိကန်ဂျာနယ်လစ်ကိုခေါင်းဖြတ်သတ်ခဲ့သူ တရားသေလွတ်

အမေရိကန်ဂျာနယ်လစ် ဒန်နီယယ်ပါးကို ခေါင်းဖြတ်သတ်ခဲ့တဲ့ အစ္စလာမ်မစ်ဝါဒီ တစ်ဦးကို  ပါကစ္စတန်တရားရုံးချုပ်က  ဇန်နဝါရီလ ၂၈ ရက်မှာ တရားသေ လွှတ်မိန့်ချမှတ်လိုက်ပါတယ်။

ပါကစ္စတန်တရားရုံးချုပ် ဆုံးဖြတ်ချက်ကြောင့် ဒန်နီယယ်ပါးရဲ့ မိသားစု လုံး၀ တုန်လှုပ်ခြောက်ခြားခဲ့တယ်လို့ ရှေ့နေတွေက ပြောဆိုပါတယ်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က   ဒီဆုံးဖြတ်ချက်ဟာ ပါကစ္စတန် အပါအဝင် နေရာတိုင်းမှာရှိတဲ့ အကြမ်းဖက်ခံရသူတွေကို စော်ကားလိုက်တာ ဖြစ်တယ်လို့ ပြောဆိုပြီး အမေရိကန်အစိုးရအနေနဲ့ တရားခံကို  အမေရိကန်နိုင်ငံမှာ တရားစွဲဆိုသွားဖို့ အသင့်ပဲ လို့ ပြောဆိုခဲ့ပါတယ်။ 

၂၀၀၂ ခုနှစ်တုန်းက ကရာချိမြို့မှာ  ဝေါစထရိသတင်းထောက် ဒန်နီယယ်ပါးကို ပြန်ပေးဆွဲ သတ်ဖြတ်ခဲ့တဲ့ အဓိက တရားခံ အာမက်အိုမာ-ဆာအိရှိတ်ကို  ပါကစ္စတန် တရားသူကြီး ၃ ဦးပါ အဖွဲ့က  တရားသေလွှတ်ပေးခဲ့တာလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

၂၀၀၁ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ နိုင်းအလဲဗင်း တိုက်ခိုက်မှုအပြီး   ကရာချိမြို့မှာ အိုင်အက်စ် စစ်သွေးကြွတွေ အကြောင်း  ဒန်နီယယ်ပါး  စုံစမ်းနေချိန်မှာ ပြန်ပေးဆွဲခံရတာ ဖြစ်ပါတယ်။

1 month Ago
Up