အမေရိကန်နိုင်ငံ နယူးယောက်မြို့ ဘရွန့်ဇ်တိရစ္ဆာန်ရုံမှာ ကျားတကောင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
ဒါဟာ ကမ္ဘာမှာရော အမေရိကန်မှာပါ ပထမဆုံးအနေနဲ့ ကျားတကောင် ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ဖြစ်စဉ်ပဲလို့ ဧပြီ ၆ ရက် မနက်ပိုင်းရိုက်တာသတင်းက ဖော်ပြလိုက်ပါတယ်။
တိရစ္ဆာန်ရုံပြောခွင့်ရပုဂ္ဂိုလ်က နာဒီယာလို့ နာမည်ပေးထားတဲ့ လေးနှစ်အရွယ် အဲဒီ ကျားမလေးဟာ ချောင်းခြောက်တွေ ဆိုးနေတာမို့ စစ်ဆေးရာက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့ တွေ့ရတာလို့ ဆိုပါတယ်။
ဘရွန့်ဇ်တိရစ္ဆာန်ရုံကို စီမံခန့်ခွဲနေတဲ့ the Wildlife Conservation Society ကလည်း ဒီမလေးရှားကျားလေးကို သတိထားစောင့်ကြည့်ပေးနေပြီး ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့ ကမ္ဘာမှာ သိထားသမျှ အသိပညာကို မျှဝေပေးသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
အခုဖြစ်စဉ်ဟာ ကမ္ဘာပေါ်က တိရစ္ဆာန်တကောင်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ ပထမဆုံးဖြစ်စဉ်ဖြစ်တယ်လို့ ဘရွန့်ဇ်တိရစ္ဆာန်ရုံပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။
11 months Ago