အမေရိကန်ကမ်းခြေစောင့်တပ်

May 13, 2022

ဟေတီရွှေ့ပြောင်းနေထိုင်သူများ တင်ဆောင်လာသည့် ရေယာဉ် နစ်မြုပ်၊ ၁၁ ဦးသေဆုံး

ဟေတီ ရွှေ့ပြောင်းနေထိုင်သူတွေကို တင်ဆောင်လာတဲ့ ရေယာဉ်တစီး ပွာတိုရီကိုနိုင်ငံနားမှာ နစ်မြုပ်လို့ လူ ၁၁ ယောက်ထက်မနည်း ရေနစ်သေဆုံးတယ်လို့ အမေရိကန် ကမ်းခြေစောင့်တပ်က မေ ၁၂ ရက်မှာ ပြောပါတယ်။

အန္တရာယ်များတဲ့ ပင်လယ်ရေကြောင်း ခရီးစဉ်ကတဆင့် အမေရိကန် ကမ်းခြေတွေဆီ ရောက်ဖို့ ကြိုးစားတဲ့ ရွှေ့ပြောင်းနေထိုင်သူဦးရေလည်း ပိုတိုးလာပါတယ်။

လူဘယ်နှယောက်ကို တင်လာမှန်း မသိရတဲ့ ရေယာဉ်ဟာ ပွာတိုရီကိုနိုင်ငံ ဒေဆေချီယိုကျွန်းရဲ့ မြောက်ပိုင်း ရေမိုင် ၁၀ မိုင်လောက်မှာ နစ်မြုပ်ခဲ့တာပါ။ အလောင်း ၁၁ လောင်းနဲ့ ရှင်သန်ကျန်ရစ်သူ ၃၁ ယောက်ကို တွေ့ရတယ်လို့ ကမ်းခြေစောင့်တပ်က တွစ်တာ လူမှုကွန်ရက်ပေါ်ကနေ ရေးပါတယ်။

အခင်းဖြစ်နေရာနားက စန်ဟွမ် ကမ်းခြေစောင့်တပ်ရဲ့ ကမ်းတက်လှေက အမြန်ကူညီပေးခဲ့ပြီး ဘိုရင်ကူအန် လေတပ်စခန်းက ကမ်းခြေစောင့် ရဟတ်ယာဉ်တွေက ညထိ ပျံသန်းရှာဖွေခဲ့ကြတယလို့ ကမ်းခြေစောင့်တပ် ပြောခွင့်ရက ပြောပါတယ်။

ရှန်သန်ကျန်ရစ်သူတွေကို ပွာတိုရီကိုနိုင်ငံဆီ သယ်လာခဲ့ပြီး သူတို့ထဲက ၈ ယောက်ကိုတော့ ဒေသန္တရဆေးရုံမှာ ကုသပေးနေတယ်လို့ ပွာတိုရီကိုနဲ့ ဗာဂျင်အိုင်းလန်းစ်ဆိုင်ရာ အမေရိကန် အကောက်ခွန်နဲ့ နယ်စပ်ကာကွယ်ရေးဌာန ပြည်သူ့ရေးရာအရာရှိ ဂျက်ဖရီ ကွေနိုးနက်စ်က ပြောပါတယ်။

ဟေတီနိုင်ငံက ရွှေ့ပြောင်းနေထိုင်သူတွေဟာ လတ်တလော လတွေအတွင်း ဂိုဏ်းတွေရဲ့ အကြမ်းဖက်မှုတွေနဲ့ ဆင်းရဲမွဲတေမှုတွေကနေ လွတ်မြောက်ဖို့ ကြိုးစားတဲ့အနေနဲ့ ပင်လယ်ကိုဖြတ်ဖို့ မသင့်တော်တဲ့ ယာဉ်တွေကို သုံးပြီး အန္တရာယ်များတဲ့ ရေကြောင်းခရီးကို သွားလာနေကြပါတယ်။

1 month Ago

December 20, 2019

ဒေါ်လာ ၃၁၂ သန်း တန်ဖိုးရှိ ကိုကင်း ၉ တန် အမေရိကန်ကမ်းခြေစောင့်တပ် ကမ်းပေါ်ချ

အမေရိကန် ဒေါ်လာ ၃၁၂ သန်း တန်ဖိုးရှိတဲ့ ကိုကင်း ၉ တန်ကို အမေရိကန်ကမ်းခြေစောင့်တပ်က ဒီဇင်ဘာ ၁၈ ရက်မှာ ကမ်းပေါ်ချခဲ့ပါတယ်။ အဲဒီကိုကင်းတွေကို ပြီးခဲ့တဲ့အောက်တိုဘာ နဲ့ နိုဝင်ဘာကာလမှာ မက္ကဆီကို၊ ဗဟိုနဲ့ တောင်အမေရိက ကမ်းရိုးတန်းအလွန် နေရာတွေကနေ ဖမ်းဆီးရမိတာလို့ ကမ်းခြေစောင့်တပ်က ပြောကြားပါတယ်။ သီးခြား ကမ်းခြေစောင့်တပ်ဖွဲ့ ၅ ခုပါဝင်တဲ့ စစ်ဆင်ရေးကနေ ဖမ်းဆီးရမိတဲ့ ကိုကင်းတွေကို     ကယ်လီဖိုးနီးယားပြည်နယ်ဆန်ဒီယေဂိုမြို့က ဆိပ်ကမ်းတခုမှာ ချခဲ့ပါတယ်။    အလိုအလျောက်မှောင်းနှင်တဲ့ ရေငုပ်သင်္ဘောတစီး အပါအဝင် အဲဒီကိုကင်းတွေကို  သယ်ဆောင်လာတဲ့ သင်္ဘော ၇ စီးကို အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့ကနေ ကြားဖြတ် ဟန့်တားပြီး ဖမ်းဆီးခဲ့တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။
3 years Ago
Up