အမေဇုန်သစ်တောမီး

August 26, 2019

ဘိုလီးဗီးယား အမေဇုန်သစ်တောမီး ငြှိမ်းသတ်ရေး နိုင်ငံတကာ ဝိုင်းဝန်းကူညီရန် ဆန္ဒပြတောင်းဆို

ဘိုလီးဗီးယားနိုင်ငံထဲက အမေဇုန်သစ်တောမှာ အကြီးအကျယ် တောမီးလောင်နေတာကို ငြှိမ်းသတ်ရေး နိုင်ငံတကာက ဝိုင်းဝန်းကူညီကြဖို့ သြဂုတ် ၂၅ ရက်နေ့မှာ ဘိုလီဗီးယားဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။  ဘိုလီဗီးယားနိုင်ငံ လာပါ့ဇ်မြို့လယ်ကောင်မှာ တနင်္ဂနွေနေ့က ဒါဇင်နဲ့ချီတဲ့ နိုင်ငံသားတွေ စုဝေးဆန္ဒပြခဲ့ကြပါတယ်။  ဘရာဇီး၊ ပါရာဂွေးနဲ့ ဘိုလီးဗီးယား သုံးနိုင်ငံ နယ်စပ်နား ဘိုလီးဗီးယားဘက်အခြမ်းက အမေဇုန်သစ်တောမှာ တောမီးလောင်နေတာဖြစ်ပြီး လက်ရှိအချိန်အထိ မီးအားကောင်းနေဆဲပဲလို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။ မြေဧရိယာ ဟက်တာ ၁ သန်းထက်မနည်း တောမီးလောင်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။  ပြီးခဲ့တဲ့ သီတင်းပတ်မှာ အမေရိကန်က ဘိုလီးဗီးယားကို ကူညီဖို့ ဘိုရင်း ၇၄၇ အမျိုးအစား မီးသတ်လေယာဉ်တစင်း၊ အသေးစားလေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေ အပါအဝင် မီးသတ်သမား အယောက် ၂၀၀၀ ကျော်ကို စေလွှတ်သွားဖို့ကို သဘောတူစာချုပ် ချုပ်ဆိုခဲ့ပါတယ်။  ဒါပေမဲ့ သြဂုတ်လ ၂၂ ရက်နောက်ပိုင်းမှာ တောမီးလောင်နေတဲ့ ဧရိယာ နှစ်ဆနီးပါး တိုးသွားခဲ့ပါတယ်။  ကမ္ဘာ့အကြီးဆုံး မိုးသစ်တောဖြစ်တဲ့ အမေဇုန်သစ်တောဟာ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးအတွက် ကြားခံနယ်မြေတခုအဖြစ် သိပ္ပံပညာရှင်တွေက ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ဘိုလီးဗီးယား အေမဇုန္သစ္ေတာမီး ျငႇိမ္းသတ္ေရး ႏိုင္ငံတကာ ဝိုင္းဝန္းကူညီရန္ ဆႏၵျပေတာင္းဆို ဘိုလီးဗီးယားႏိုင္ငံထဲက အေမဇုန္သစ္ေတာမွာ အႀကီးအက်ယ္ ေတာမီးေလာင္ေနတာကို ျငႇိမ္းသတ္ေရး ႏိုင္ငံတကာက ဝိုင္းဝန္းကူညီၾကဖို႔ ၾသဂုတ္ ၂၅ ရက္ေန႔မွာ ဘိုလီဗီးယားဆႏၵျပသူေတြက ေတာင္းဆိုခဲ့ၾကပါတယ္။ ဘိုလီဗီးယားႏိုင္ငံ လာပါ့ဇ္ၿမိဳ႕လယ္ေကာင္မွာ တနဂၤေႏြေန႔က ဒါဇင္နဲ႔ခ်ီတဲ့ ႏိုင္ငံသားေတြ စုေဝးဆႏၵျပခဲ့ၾကပါတယ္။ ဘရာဇီး၊ ပါရာေဂြးနဲ႔ ဘိုလီးဗီးယား သုံးႏိုင္ငံ နယ္စပ္နား ဘိုလီးဗီးယားဘက္အျခမ္းက အေမဇုန္သစ္ေတာမွာ ေတာမီးေလာင္ေနတာျဖစ္ၿပီး လက္ရွိအခ်ိန္အထိ မီးအားေကာင္းေနဆဲပဲလို႔ ႐ိုက္တာ သတင္းဌာနက ေဖာ္ျပပါတယ္။ ေျမဧရိယာ ဟက္တာ ၁ သန္းထက္မနည္း ေတာမီးေလာင္ေနတယ္လို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။ ၿပီးခဲ့တဲ့ သီတင္းပတ္မွာ အေမရိကန္က ဘိုလီးဗီးယားကို ကူညီဖို႔ ဘိုရင္း ၇၄၇ အမ်ိဳးအစား မီးသတ္ေလယာဥ္တစင္း၊ အေသးစားေလယာဥ္ေတြနဲ႔ ရဟတ္ယာဥ္ေတြ အပါအဝင္ မီးသတ္သမား အေယာက္ ၂၀၀၀ ေက်ာ္ကို ေစလႊတ္သြားဖို႔ကို သေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ပါတယ္။ ဒါေပမဲ့ ၾသဂုတ္လ ၂၂ ရက္ေနာက္ပိုင္းမွာ ေတာမီးေလာင္ေနတဲ့ ဧရိယာ ႏွစ္ဆနီးပါး တိုးသြားခဲ့ပါတယ္။ ကမာၻ႔အႀကီးဆုံး မိုးသစ္ေတာျဖစ္တဲ့ အေမဇုန္သစ္ေတာဟာ ရာသီဥတုေျပာင္းလဲမႈ တိုက္ဖ်က္ေရးအတြက္ ၾကားခံနယ္ေျမတခုအျဖစ္ သိပၸံပညာရွင္ေတြက က်ယ္က်ယ္ျပန႔္ျပန႔္ ရႈျမင္ၾကပါတယ္။
2 years Ago
Up