ဘရာဇီး အမေဇုန်မိုးသစ်တောအလယ်ပိုင်း မန်နောင့်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁ သိန်းကျော်အထိရှိလာပြီး မေ ၄ ရက်နေ့အထိ သေဆုံးသူ ၇၀၀၀ ရှိလာပါတယ်။
တချို့မြို့ကြီးတွေမှာ ကူးစက်ခံရသူ အရေအတွက် ပိုမိုများပြားပေမယ့် မန်နောင့်မြို့ ကျန်းမာရေးအခြေခံအဆောက်အအုံပိုင်းဟာ အတော်လေးကို အားနည်းချက်တွေ ရှိတယ်လို့ ကျန်းမရေးတာဝန်ရှိသူတွေက ဆိုကြပါတယ်။
လက်တင်အမေရိကရဲ့ အမေဇုန်ဒေသမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ အမြန်တိုးလာတာကြောင့် ဘရာဇီးနဲ့ ကိုလံဘီယာအာဏာပိုင်တွေ စိုးရိမ်ပူပန်နေပြီး အခြေခံအဆောက်အဦ အားနည်းတာက ဌာနေတိုင်းရင်းသား အသိုက်အဝန်းတွေ ကူးစက်ခံရမယ့် အန္တရာယ်ကို ကြီးမားစေပါတယ်။
မန်နောင့်မြို့ ဆေးရုံတွေမှာ လူနာတွေ ပြည့်နေပြီး တာဝန်ရှိသူတွေက ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူတွေကို အစုလိုက်အပြုံလိုက် မြှုပ်နှံနေရချိန်မှာ မေလ ၄ ရက်နေ့မှာတော့ ဘရာဇီးကျန်းမာရေးဝန်ကြီးက မန်နောင့်စ်မြို့မှာ ဆေးရုံသစ်ဆောက်ဖို့ လိုအပ်တယ်ဆိုပြီး ပြောပါတယ်။
အလားတူ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကိုလံဘီယာပိုင် အမေဇုန်ဒေသက ဌာနတိုင်းရင်းသားတွေမှာ ဗိုင်းရပ်စ် ကူးစက်သူ အရေအတွက် မြင့်တက်ခဲ့ပြီးနောက် ကိုလံဘီယာ ကျန်းမာရေးဌာနက အမေဇုန်ဒေသကို အထူးအာရုံစိုက်နေပါတယ်။
မေ ၄ ရက်နေ့မှာ ကိုလံဘီယာကျန်းမာရေးဝန်ကြီးက PPE နဲ့ သန့်ရှင်းရေးပစ္စည်း ၁ ဒသမ ၂ တန်ရှိတဲ့ ထောက်ပံ့ပစ္စည်းတွေဟာ ရက်အနည်းငယ်အတွင်း လက်တီးရှားဆေးရုံကို ရောက်ရှိမယ်လို့ ပြောပါတယ်။
12 months Ago