‘အမုန်းပင်’

December 18, 2019

နှုတ်ခမ်းနီမလေးတို့ အသည်းကြော် အဆိုတော်ရွှေထူးသီချင်းသစ်-‘အမုန်းပင်’(ရုပ်သံ) 

“အချစ်ဆိုတာ ဘာလဲ… ငါတကယ် နားမလည်... ရင်မှာ သိချင်တယ်… အလွမ်း ဆိုတာ ဒါလား… နာကျင်ခြင်းတွေ ကြုံနေခဲ့သူ” ဒါကတော့ အသစ်ထွက်ရှိလာတဲ့ ပရိသတ်ကြိုက် တေးသံရှင် အဆိုတော် ရွှေထူးရဲ့ သီချင်းသစ်တပုဒ်ထဲက တေးသွားစာသားတွေ ဖြစ်ပြီး လတ်တလော ရေပန်းစားနေခဲ့ပါတယ်။ တေးရေး Salai (Parmanes)က ရေးစပ်ပေးထားတဲ့ ဒီသီချင်းရုပ်သံထဲမှာတော့ ရွှေထူးက မော်ဒယ် ရည်မွန်ကြည်နဲ့ အတူတွဲဖက်ကာ ဇာတ်လမ်းပုံစံ သရုပ်ဆောင်ထားခဲ့တာပါ။ “တံလျှပ်ကို ရေထင်ကာ အလိုက်မှားခဲ့သူ… ဒါမျိုး အဖြစ်အပျက်တွေ ကြုံခဲ့တာ… နင်ဒီလို မုန်း… မုန်း… အမုန်းပင်များသာ စိုက်ပျိုးခဲ့… ဒီမှာကြေကွဲ ငါ့မျက်ရည်များနဲ့ ထွန်ယက်ခဲ့… တယောက်တည်းရူးနေ… ရိတ်သိမ်းရင်းလေ… အထီးကျန်ခြင်းက ငါ့ရဲ့ အ ဖော်ပဲ” နှုတ်ခမ်းနီမလေးတွေ အသည်းကြော် အဆိုတော်သရုပ်ဆောင်တယောက်ဖြစ်တဲ့ ရွှေထူးဟာ ‘ရုပ်သေးရုပ်’၊ ‘တံခါးဖွင့်ထားပါတယ်’၊ ‘မမျှော်လင့်တော့ပါဘူး’စတဲ့ ထင်ရှားတဲ့ သီချင်းတွေ အပါအဝင် တေးသီချင်းပေါင်းများစွာကို သီဆိုခဲ့သူဖြစ်ပြီး ‘စိတ်ကူးယဉ်စာ အုပ်’တေးအယ်လ်ဘမ်ကတော့ ထင်ရှားတဲ့ တေးအယ်လ်ဘမ် ဖြစ်ပါတယ်။ သီချင်းတွေမှာတင်မက သရုပ်ဆောင်အနုပညာ အရည်အသွေးရှိတဲ့ ရွှေထူးဟာ ရုပ် ရှင်ကားတချို့မှာလည်း ပါဝင်ရိုက်ကူးခဲ့ပြီး ပရိသတ်တွေ လက်ခံအားပေးမှု ရရှိခဲ့သူ ဖြစ်ပါ တယ်။ လတ်တလော ထွက်ရှိခဲ့တဲ့ ‘အမုန်းပင်’သီချင်းရုပ်သံထဲမှာတော့ သီချင်းတေးသွား အဓိပ္ပါယ်နဲ့အညီ သီဆိုသရုပ်ဆောင်ထားခဲ့တာမို့ ပရိသတ်တွေက သဘောကျနှစ်သက်နေ ကြတာပါ။ V7 Entertainment က တင်ဆက်လိုက်တဲ့ ဒီသီချင်းရုပ်သံဟာ လတ်တလောမှာ တော့ အချိန် ၂ ရက်အတွင်း ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုန်ရက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၉ သိန်းနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
2 years Ago
Up