အမှိုက်​ကင်းစင်

July 7, 2018

၂ဝ၂ဝ တွင် ​ချောက်​မြို့ကို အမှိုက်​ကင်းစင်​​သည့်မြို့အဖြစ်​ ​ဆောင်​ရွက်​သွားမည်​ဟု စည်ပင်ပြော

မ​ကွေးတိုင်း​ဒေသကြီး ​ချောက်​မြို့ကို ၂ဝ၂ဝ မှာ အမှိုက်​ကင်း​စင်​​တဲ့ မြို့ဖြစ်​​အောင်​ ​ဆောင်​ရွက်​သွားမယ်လို့ ​ချောက်​မြို့နယ်​စည်​သာယာ​ရေး​ကော်​မတီ ဥက္ကဋ္ဌ ဦး​ကျော်​ဝင်းက ပြောပါတယ်။ "​၂ဝ၂ဝမှာ တစ်​မြို့လုံး အမှိုက်​သိမ်းစနစ်​ရာနှုန်းပြည့် လွှမ်းခြုံနိုင်​​အောင်​ ​ဆောင်​ရွက်​သွားမှာပါ။ ယခု ၆၅ ရာခိုင်​နှုန်း အမှိုက်​သိမ်းနိုင်​​နေပါပြီ" လို့ ပြောပါတယ်။ အမှိုက်​ကားဝင်​မရ​တဲ့ လမ်းကျဉ်းတွေကို ပြင်​ဆင်​ဖို့နဲ့ အမှိုက်​ကားအကြီး ဝင်​မရ​တဲ့ ​နေရာတွေအတွက်​ အမှိုက်​သိမ်းယာဉ်​ငယ်တွေ ဝယ်​ယူ​ဆောင်​ရွက်​သွားမယ်လို့ ဆိုပါတယ်။ ​ချောက်​မြို့၊ အမှတ်​ ၁ ရပ်​ကွက်​၊ ဂါတ်​ကုန်းရပ်​ရှိ ဓမ္မာရုံမှာ မနေ့ညနေက ​ပြုလုပ်​​တဲ့ `အမှိုက်​ စွန်​ပစ်​ခြင်းနှင့်ပတ်​သက်​ပြီး အသိပညာ​ပေ ​ဆွေး​နွေးပွဲ’ ​​ပြုလုပ်ခဲ့သလို ​ချောက်​မြို့ရဲ့ ရပ်​ကွက်​အားလုံးကို အသိပညာပေး ကွင်းဆင်း ​ပြောကြား​ပေးသွားမယ်လို့ စည်​ပင်​အမှု​ဆောင်​ အရာရှိ ဦး​နေမန်းက ​ပြောပါတယ်။ ​လူဦး​ရေလည်း တိုးတက်​လာမှုနဲ့အညီ အမှိုက်​စွန့်​ပစ်​နှုန်းလည်း များလာလို့ အခုအချိန်​မှ စပြီး စည်​ကမ်းတကျ စွန့်​ပစ်​​စေချင်​သလို အမှိုက်​ကားလာရင်​ ပြည်​သူတွေက မပျက်​မကွက်​ တင်​​ပေး​စေလို​တယ်လို့ ဆိုပါတယ်။ ကိုလင်း(​ချောက်​)
3 years Ago
Up