အမိမဲ့ဆင်

March 16, 2019

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အမိမဲ့ဆင်ကလေးများအတွက် အလှူငွေ ပေးအပ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ မနေ့က ပဲခူးတိုင်းခရီးစဉ်မှာ အမိမဲ့ဆင်ကလေးတွေကို သွားရောက်ကြည့်ရှုခဲ့သလို ဆင်ကလေးတွေအတွက် အလှူငွေလည်း ပေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က ဝင်္ဂဘော်ဆင်စခန်းကို သွားရောက်ပြီး ဆင်ကလေးတွေကို ကြည့်ရှုခဲ့သလို ကိုယ်တိုင်လည်း နို့ဘူးတိုက်ခဲ့ပါသေးတယ်။ ပြီးတော့ အမိမဲ့ ဆင်ကလေးတွေအတွက် အလှူငွေ ၅ သိန်းကို ပေးခဲ့တာပါ။ ဒီစခန်းမှာ အမိမဲ့ဆင် ၆ ကောင်ရှိပြီး တခြား အမိနောက်လိုက်ဆင်နဲ့ ဆင်ကြီးတွေလည်း ရှိပါတယ်။ ဝင်္ဂဘော်စခန်းဟာ အမြန်လမ်းက သွားမယ်ဆိုရင် ၃၉ မိုင် ၂ ဖာလုံကနေ အတွင်းဘက်ကို တမိုင်လောက် ဝင်ရပြီး ရန်ကုန်-မန္တလေးလမ်းဟောင်းဘက်က ဆိုရင်တော့ ဘုရားကြီးကနေ ၄ မိုင်လောက် ဆက်သွားရတာ ဖြစ်ပါတယ်။ ဒီစခန်းကို ဖွင့်ထားတာ ၂ နှစ်ကျော်ပြီဖြစ်ပြီး အမိမဲ့ဆင်ကလေးတွေကို စောင့်ရှောက်ဖို့ ရည်ရွယ်ထားတာပါ။
2 years Ago
Up