အမရပူရမြို့နယ်ရှိ

September 18, 2020

အမရပူရမြို့နယ်ရှိ မဟာဝရဇိန်မစိုးရိမ်ကျောင်းတိုက်၌ ရဟန်း ၁ ပါး ကိုဗစ်-၁၉ ကူးစက်ခံရ

မန္တလေးမြို့၊ အမရပူရမြို့နယ် ဗားဂရာကျောင်းတိုက်အတွင်းရှိ မဟာဝရဇိန်မစိုးရိမ်ကျောင်းမှာ ရဟန်း တစ်ပါး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရပါတယ်။ လက်ရှိ အဆိုပါ ပိုးတွေ့ရဟန်း သီတင်းသုံးတဲ့ မဟာဝရဇိန်မစိုးရိမ်ကျောင်းရှိ သံဃာ ၆၂ ပါး နဲ့ ကပ္ပိယ ၁၁ ဦးကို Quaratine Center ကို မပို့ဆောင်ဘဲ အဆိုပါ ကျောင်းတိုက်အတွင်း အသွားအလာကန့်သတ်ကာ ကျောက်တိုက်ကိုလည်း lockdown ပြုလုပ်ထားပါတယ်။ ဒုတိယလှိုင်းစတင်တဲ့ အချိန်ကစပြီး  ဒီနေ့အထိ အမရပူရမြို့နယ်မှာ ကိုဗစ်-၁၉  ရောဂါပိုးကူးစက်ခံရသူ ၂၃ ဦးအထိ ရှိနေပြီ ဖြစ်ပါတယ်။ Photo-Kaung Zaw Hein/MPA
8 months Ago
Up