အဘူဆေယက်ဖ်

April 13, 2017

အဘူဆေယက်ဖ် သူပုန်ခေါင်းဆောင်နှင့်အဖွဲ့ဝင်များ သုတ်သင်ခံရနိုင်ဟု ဖိလစ်ပိုင်ပြော

ဂျာမန်နဲ့ ကနေဒါနိုင်ငံသားတွေကို ပြန်ပေးဆွဲသတ်ဖြတ်ခဲ့တဲ့ အဘူဆေယက်ဖ် သူပုန်ခေါင်းဆောင်အပါအ၀င် မူဆလင်စစ်သွေးကြွအတော်များများကို သုတ်သင်နိုင်ခဲ့ကြောင်း ဖိလစ်ပိုင်စစ်ဦးစီးချုပ်က ဧပြီ ၁၂ ရက်နေ့က တရားဝင် ပြောကြားလိုက်ပါတယ်။ ကမ္ဘာလှည့်ခရီးသည်အတော်များများ လာရောက်လည်ပတ်တဲ့ ဘိုဟိုးလ်ကျွန်းမှာ ဧပြီ ၁၁ ရက်နေ့ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း အဘူဆေယက်ဖ် စစ်သွေးကြွအဖွဲ့ဝင် အနည်းဆုံး ၆ ဦးကို သုတ်သင်နိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။ အဲဒီအထဲမှာ အဘူဆေယက် ဒုတိယခေါင်းဆောင်နဲ့ ပြောခွင့်ရပုဂ္ဂိုလ် မိုအာမာ အက်စ်ကာလီ ခေါ် အဘူရာမီလည်း ပါဝင်တယ်လို့ စစ်ဦးစီးချုပ်က ပြောပါတယ်။ သူဟာ ငယ်ရွယ်ပြီး ရန်လိုတာကြောင့် အနာဂတ်မှာ အဘူဆေယက် ခေါင်းဆောင်ဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ စစ်ဦးစီးချုပ်က ဆိုပါတယ်။ အဘူဆေယက်ဖ် အဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်က ကနေဒါ နိုင်ငံသားနှစ်ဥိးကို ခေါင်းဖြတ်သတ်ခဲ့ပါတယ်။ အလားတူ ဂျာမန်သက်ကြီးရွယ်အိုတစ်ဦးကိုလည်း ပြန်ပေးငွေ အမေရိကန်ဒေါ်လာ ၆ သိန်းမပေးတဲ့အတွက် ခေါင်းဖြတ်သတ်ခဲ့ကြောင်း မနီလာကပေးပို့တဲ့ ရိုက်တာသတင်းအရ သိရပါတယ်။
4 years Ago
Up