အဘိုးအို

June 8, 2018

အဘိုးအိုကို ကုန်းပိုးပြီး ကားလမ်းဖြတ်ကူးပေးခဲ့သည့် ရဲတပ်ဖွဲ့ဝင်တဦး (ရုပ်သံ)

တရုတ်နိုင်ငံ စီချွမ်ပြည်နယ် မီအန်းယန်မြို့ရှိ ယာဉ်အသွားအလာများတဲ့ လမ်းမပေါ်မှာ ဇွန်လ ၄ ရက်နေ့က ကားလမ်းဖြတ်ကူးသူ အဘိုးအိုကို ရဲတပ်ဖွဲ့ဝင်တဦးက ကုန်းပိုးပြီး ကူညီပေးခဲ့ပါတယ်။ အဲဒီလို ကူညီပေးနေတဲ့ ဗွီဒီယိုဖိုင်ကို နိုင်ငံပိုင် သတင်းဌာနက ဇွန်လ ၇ ရက်နေ့မှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။ အဘိုးအိုဟာ ၆ လမ်းသွား လမ်းမပေါ်မှာ ကားလမ်းဖြတ်ကူးခဲ့တာဖြစ်ပြီး  မီးပွိုင့်စိမ်းခဲ့ပေမယ့် ကားတွေဟာ အဘိုးအိုကြောင့် ထွက်ခွာမရ ဖြစ်နေခဲ့တာပါ။ ဒီအတွက် ရဲတပ်ဖွဲ့ဝင်တဦးဟာ အဘိုးအိုကို လာရောက်ကုန်းပိုးပြီး လမ်းကို အန္တရာယ်ကင်းစွာနဲ့ ဖြတ်ကူးပေးခဲ့တာ ဖြစ်ပါတယ်။
3 years Ago
Up