အဗ္ဗဒူလာ

October 1, 2019

အာဖဂန်သမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရဟု အဗ္ဗဒူလာ ကြေညာ 

အာဖဂန်သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရတယ်လို့ အုပ်ချုပ်ရေးမှူးချုပ်   အဗ္ဗဒူလာ-အဗ္ဗဒူလာက စက်တင်ဘာလ ၃၀ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။    အဗ္ဗဒူလာ-အဗ္ဗဒူလာဟာ အာရှက်ဖ်ဂါနီရဲ့ အဓိက ပြိုင်ဘက်တဦး ဖြစ်ပြီး သမ္မတ ရွေးကောက်ပွဲမှာ တစ်ပြေးနေသူ တဦးလည်း ဖြစ်ပါတယ်။ အနိုင်ရတယ်လို့ ကြေညာတဲ့ အဗ္ဗဒူလာက ရွေးကောက်ပွဲမှာ သူတို့က ဆန္ဒမဲ အများဆုံးရတာမို့  ဒုတိယအကျော့ ရွေးကောက်ပွဲ ရှိလာမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။ အာဖဂန် လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကော်မရှင်ဟာ ဆန္ဒမဲတွေကို ရေတွက်နေပါတယ်။ ကိုယ်စားလှယ်လောင်း တဦးဟာ မဲထက်ဝက်ကျော် အနိုင်မရရင် မဲအများဆုံးရသူ နှစ်ဦးအကြား ဒုတိယအကျော့ ထပ်မံ ယှဉ်ပြိုင်ရမှာပါ။ အာရှက်ဖ်ဂါနီနဲ့ အဗ္ဗဒူလာတို့ဟာ ပြီးခဲ့တဲ့ ၂၀၁၄ ရွေးကောက်ပွဲမှာလည်း အဓိကပြိုင်ဘက်နှစ်ဦး ဖြစ်ပြီး ရွေးကောက်ပွဲမှာ တဦးကို တဦး မဲလိမ်တယ်ဆိုပြီး စွပ်စွဲတာကြောင့် လနဲ့ချီ နိုင်ငံရေးအကျပ်အတည်း ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အမေရိကန်ပြည်ထောင်စုက ကြားဝင်စေ့စပ်ပြီး အာဏာခွဲဝေရေး သဘောတူညီချက်အရ ဂါနီက သမ္မတ ဖြစ်လာသလို အဗ္ဗဒူလာကတေနာ့ အုပ်ချုပ်ရေးမှူးချုပ် ရာထူးကို လက်ခံခဲ့ပါတယ်။ အဗ္ဗဒူလာ အခုလို ကြေညာပြီး မကြာခင်မှာပဲ ဒုတိယနေရာ ဝင်ရောက်အရွေးခံသူ အာမူလာ-ဆာလာက ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဂါနီက ပြတ်ပြတ်သားသား အနိုင်ရတယ်လို့ ကြေညာခဲ့ပြန်ပါတယ်။ အာဖဂန်သမ္မတ ရွေးကောက်ပွဲ ကနဦး မဲရလဒ်တွေကို  အောက်တိုဘာလ ၁၉ ရက်နေ့မှာ ကြေညာမှာ ဖြစ်ပြီး နောက်ဆုံး မဲရလဒ်တွေကိုတော့ နိုဝင်ဘာလ ၇ ရက်နေ့မှာ ကြေညာမယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version အာဖဂန္သမၼတ ေ႐ြးေကာက္ပြဲတြင္ အႏိုင္ရဟု အဗၺဒူလာ ေၾကညာ  အာဖဂန္သမၼတ ေ႐ြးေကာက္ပြဲမွာ အႏိုင္ရတယ္လို႔ အုပ္ခ်ဳပ္ေရးမႉးခ်ဳပ္   အဗၺဒူလာ-အဗၺဒူလာက စက္တင္ဘာလ ၃၀ ရက္ေန႔မွာ ေၾကညာလိုက္ပါတယ္။ အဗၺဒူလာ-အဗၺဒူလာဟာ အာရွက္ဖ္ဂါနီရဲ႕ အဓိက ၿပိဳင္ဘက္တဦး ျဖစ္ၿပီး သမၼတ ေ႐ြးေကာက္ပြဲမွာ တစ္ေျပးေနသူ တဦးလည္း ျဖစ္ပါတယ္။ အႏိုင္ရတယ္လို႔ ေၾကညာတဲ့ အဗၺဒူလာက ေ႐ြးေကာက္ပြဲမွာ သူတို႔က ဆႏၵမဲ အမ်ားဆုံးရတာမို႔  ဒုတိယအေက်ာ့ ေ႐ြးေကာက္ပြဲ ရွိလာမွာ မဟုတ္ဘူးလို႔လည္း ေျပာပါတယ္။ အာဖဂန္ လြတ္လပ္တဲ့ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ဟာ ဆႏၵမဲေတြကို ေရတြက္ေနပါတယ္။ ကိုယ္စားလွယ္ေလာင္း တဦးဟာ မဲထက္ဝက္ေက်ာ္ အႏိုင္မရရင္ မဲအမ်ားဆုံးရသူ ႏွစ္ဦးအၾကား ဒုတိယအေက်ာ့ ထပ္မံ ယွဥ္ၿပိဳင္ရမွာပါ။ အာရွက္ဖ္ဂါနီနဲ႔ အဗၺဒူလာတို႔ဟာ ၿပီးခဲ့တဲ့ ၂၀၁၄ ေ႐ြးေကာက္ပြဲမွာလည္း အဓိကၿပိဳင္ဘက္ႏွစ္ဦး ျဖစ္ၿပီး ေ႐ြးေကာက္ပြဲမွာ တဦးကို တဦး မဲလိမ္တယ္ဆိုၿပီး စြပ္စြဲတာေၾကာင့္ လနဲ႔ခ်ီ ႏိုင္ငံေရးအက်ပ္အတည္း ျဖစ္ခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ အေမရိကန္ျပည္ေထာင္စုက ၾကားဝင္ေစ့စပ္ၿပီး အာဏာခြဲေဝေရး သေဘာတူညီခ်က္အရ ဂါနီက သမၼတ ျဖစ္လာသလို အဗၺဒူလာကေတနာ့ အုပ္ခ်ဳပ္ေရးမႉးခ်ဳပ္ ရာထူးကို လက္ခံခဲ့ပါတယ္။ အဗၺဒူလာ အခုလို ေၾကညာၿပီး မၾကာခင္မွာပဲ ဒုတိယေနရာ ဝင္ေရာက္အေ႐ြးခံသူ အာမူလာ-ဆာလာက ေ႐ြးေကာက္ပြဲမွာ လက္ရွိသမၼတ ဂါနီက ျပတ္ျပတ္သားသား အႏိုင္ရတယ္လို႔ ေၾကညာခဲ့ျပန္ပါတယ္။ အာဖဂန္သမၼတ ေ႐ြးေကာက္ပြဲ ကနဦး မဲရလဒ္ေတြကို  ေအာက္တိုဘာလ ၁၉ ရက္ေန႔မွာ ေၾကညာမွာ ျဖစ္ၿပီး ေနာက္ဆုံး မဲရလဒ္ေတြကိုေတာ့ ႏိုဝင္ဘာလ ၇ ရက္ေန႔မွာ ေၾကညာမယ္လို႔ ႐ိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။
2 years Ago
Up