အဖွဲ့ဝင်

August 25, 2019

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့တွင် အဖွဲ့ဝင် ၂ ဖွဲ့ တိုးလာ

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့မှာ အဖွဲ့ဝင် ၂ ဖွဲ့တိုးလာပြီး အစိုးရနဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ အလုပ်အဖွဲ့ ၂ ခုကိုလည်း ဖွဲ့စည်းလိုက်ပါတယ်။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေ (NCA-S EAO) ရဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မှာ သြဂုတ် ၂၁ ရက်ကနေ ၂၅ ရက်အထိလုပ်ခဲ့တဲ့ အစည်းအဝေးကနေ ထုတ်ပြန်လိုက်တာပါ။ အခုကျင်းပတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)အစည်းအဝေးမှာ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး(LDU) တို့လည်း တင်းပြည့်အဖွဲ့ဝင်အဖြစ်ပါဝင်လာလို့  PPST ကို အဖွဲ့ဝင် ၁၀ ဖွဲ့နဲ့ တိုးချဲ့ ဖွဲ့စည်းခဲ့ပါတယ်။ ပြီးတော့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အကောင်အထည်ဖော်တာ အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကြုံနေရတဲ့ တစ်ဆို့တာတွေကို ဖြေရှင်းကျော်လွှားဖို့အတွက် “တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်” တရပ်ကို စနစ်တကျ ရေးဆွဲချမှတ်ပြီး အစိုးရနဲ့ ဆွေးနွေး သဘောတူညီမှု ရယူဖို့ ဒီအစည်းအဝေးမှာ အတည်ပြုခဲ့ပါတယ်။ ဒီအတွက် NCA-S EAO (၁၀) ဖွဲ့က ကိုယ်စားလှယ်တွေပါတဲ့ “တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် ညှိနှိုင်းရေးအဖွဲ့” နဲ့ “အပစ်အခတ်ရပ်စဲမှု ခိုင်မာရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့” လို အလုပ်အဖွဲ့ ၂ ခုကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။ လက်ရှိဖြစ်နေတဲ့ အစိုးရ၊ တပ်မတော်နဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့တို့အကြား ပဋိပက္ခတွေနဲ့ ရခိုင်ပြည်နယ်ထဲမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကို နှစ်ဖက်လုံးက လျှော့ချပြီး နိုင်ငံရေး ဆွေးနွေးတာကတဆင့် ငြိမ်းငြိမ်းချမ်းချမ်းစွာ ဖြေရှင်းကြဖို့လည်း ဒီအစည်းအဝေးကနေ တိုက်တွန်းထုတ်ပြန်ထားပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕တြင္ အဖြဲ႕ဝင္ ၂ ဖြဲ႕ တိုးလာ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕မွာ အဖြဲ႕ဝင္ ၂ ဖြဲ႕တိုးလာၿပီး အစိုးရနဲ႔ ေတြ႕ဆုံေဆြးေႏြးသြားဖို႔ အလုပ္အဖြဲ႕ ၂ ခုကိုလည္း ဖြဲ႕စည္းလိုက္ပါတယ္။ တႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ကို လက္မွတ္ေရးထိုးထားတဲ့ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရးအဖြဲ႕အစည္းေတြ (NCA-S EAO) ရဲ႕ ထိုင္းႏိုင္ငံ ခ်င္းမိုင္မွာ ၾသဂုတ္ ၂၁ ရက္ကေန ၂၅ ရက္အထိလုပ္ခဲ့တဲ့ အစည္းအေဝးကေန ထုတ္ျပန္လိုက္တာပါ။ အခုက်င္းပတဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕ (PPST)အစည္းအေဝးမွာ မြန္ျပည္သစ္ပါတီ (NMSP) နဲ႔ လားဟူ ဒီမိုကရက္တစ္အစည္းအ႐ုံး(LDU) တို႔လည္း တင္းျပည့္အဖြဲ႕ဝင္အျဖစ္ပါဝင္လာလို႔  PPST ကို အဖြဲ႕ဝင္ ၁၀ ဖြဲ႕နဲ႔ တိုးခ်ဲ႕ ဖြဲ႕စည္းခဲ့ပါတယ္။ ၿပီးေတာ့ တႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA) အေကာင္အထည္ေဖာ္တာ အပါအဝင္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မွာ ႀကဳံေနရတဲ့ တစ္ဆို႔တာေတြကို ေျဖရွင္းေက်ာ္လႊားဖို႔အတြက္ “တႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ အေကာင္အထည္ေဖာ္မႈဆိုင္ရာ မူေဘာင္” တရပ္ကို စနစ္တက် ေရးဆြဲခ်မွတ္ၿပီး အစိုးရနဲ႔ ေဆြးေႏြး သေဘာတူညီမႈ ရယူဖို႔ ဒီအစည္းအေဝးမွာ အတည္ျပဳခဲ့ပါတယ္။ ဒီအတြက္ NCA-S EAO (၁၀) ဖြဲ႕က ကိုယ္စားလွယ္ေတြပါတဲ့ “တႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးသေဘာတူစာခ်ဳပ္ အေကာင္အထည္ေဖာ္မႈဆိုင္ရာ မူေဘာင္ ညႇိႏႈိင္းေရးအဖြဲ႕” နဲ႔ “အပစ္အခတ္ရပ္စဲမႈ ခိုင္မာေရးဆိုင္ရာ ညႇိႏႈိင္းေရးအဖြဲ႕” လို အလုပ္အဖြဲ႕ ၂ ခုကိုလည္း ဖြဲ႕စည္းခဲ့ပါတယ္။ လက္ရွိျဖစ္ေနတဲ့ အစိုးရ၊ တပ္မေတာ္နဲ႔ ညီေနာင္မဟာမိတ္ ၃ ဖြဲ႕တို႔အၾကား ပဋိပကၡေတြနဲ႔ ရခိုင္ျပည္နယ္ထဲမွာ ျဖစ္ေနတဲ့ တိုက္ပြဲေတြကို ႏွစ္ဖက္လုံးက ေလွ်ာ့ခ်ၿပီး ႏိုင္ငံေရး ေဆြးေႏြးတာကတဆင့္ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းစြာ ေျဖရွင္းၾကဖို႔လည္း ဒီအစည္းအေဝးကေန တိုက္တြန္းထုတ္ျပန္ထားပါတယ္။
2 years Ago
Up