အဖြေလွှာများ

A d v e r t i s e m e n t With Us

June 5, 2020

တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာများကို ဆရာ၊ ဆရာမ ၃၀၀၀၀ ကျော်ဖြင့် စတင်စစ်ဆေး

တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာတွေကို ဇွန် ၅ ရက်နေ့ကနေ တနိုင်ငံလုံးက တက္ကသိုလ် ၁၀ ခုမှာ ဆရာ၊ ဆရာမ ၃၀၀၀၀ ကျော်က စတင်စစ်ဆေးနေပြီး အောင်စာရင်းတွေကို သြဂုတ်လမှာ ထုတ်ပြန်နိုင်ဖို့ မျှော်မှန်းထားပါတယ်။   ဒီနှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ စာမေးပွဲအဖြေလွှာ အမှတ်ခြစ်တဲ့ လုပ်ငန်းတွေကို ဇွန် ၅ ရက်နေ့ကနေစပြီး ရန်ကုန်တက္ကသိုလ်အပါအဝင် တနိုင်ငံလုံးက ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ် ၁၀ ခုမှာ စတင်စစ်ဆေးနေပြီဖြစ်ပါတယ်။  ဆရာ၊ ဆရာမတွေဟာ အရင်နှစ်တွေက မိမိတို့နေအိမ်ကနေ တက္ကသိုလ်တွေကို လာပြီးအဖြေလွှာစစ်ဆေးတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ရတာဖြစ်ပေမယ့် ဒီနှစ်မှာတော့ ကိုဗစ်-၁၉ ဖြစ်ပွားနေတဲ့အတွက် ဆရာ၊ ဆရာမတွေကို တက္ကသိုလ်အဆောင်တွေမှာ Camp သွင်းပြီးမှ စာမေးပွဲအဖြေလွှာ စစ်ဆေးတဲ့လုပ်ငန်းတွေ ဆောင်ရွက်တာလို့ အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းသန်းဝင်းက ပြောပါတယ်။ စာမေးပွဲအဖြေလွှာစစ်ဆေးတဲ့ လုပ်ငန်းတွေကို အခြေခံပညာစာသင်ကျောင်းတွေက အထက်တန်းပြဆရာ၊ ဆရာမတွေနဲ့ အဆင့်မြင့်ပညာဦးစီးဌာတက္ကသိုလ်အသီးသီးက ဘာသာရပ်ဆိုင်ရာပါမောက္ခတွေ အပါအဝင် ဆရာ၊ ဆရာမ ၃ သောင်းကျော်က စစ်ဆေးနေတာပါ။ ဆရာ၊ ဆရာမတွေကို Camp သွင်းထားတဲ့အတွက် ပညာရေးဝန်ကြီးဌာနကနေ ဆရာတွေကို မနက်စာ၊ နေ့လယ်စာ၊ ညနေစာ တနေ့ ၃ ကြိမ် အခမဲ့ကျွေးမွေးသလို အဆောင်တွေကနေ တက္ကသိုလ်ကိုသွားရမှာ အဆင်ပြေစေဖို့ ကားတွေစီမံပေးထားပါတယ်။  ကိုဗစ်-၁၉ကို ကာကွယ်ဖို့အတွက်လည်း Mask တွေ၊ တက္ကသိုလ်တွေမှာ လက်ဆေးဘေစင်တွေ၊ လက်သန့်ဆေးရည်တွေ ပြုလုပ်ပေးထားသလို နေ့စဉ်ကိုယ်အပူချိန်တိုင်းတာတွေနဲ့ အမှတ်ခြစ်လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ တဦးနဲ့တဦး ၆ ပေအကွာ လုပ်ဆောင်ဖို့ ပြင်ဆင်ထားတာတယ်လို့ ဆိုပါတယ်။ နိုင်ငံတဝန်း တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းတွေကိုတော့ သြဂုတ် လဆန်းပိုင်းလောက်မှာ ထုတ်ပြန်နိုင်ဖို့ မျှော်မှန်းထားတယ်လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။ ဒီနှစ်မှာတော့ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုထားတဲ့ ကျောင်းသား၊ ကျောင်းသူ ၉ သိန်းကျော်ရှိပါတယ်။ 
9 months Ago
Up