အဖွားကို မထိနဲ့ ထွက်သွားဆိုပြီး စတီးပိုက်ကိုင် ကာကွယ်သည့် အာဂကလေးငယ် (ရုပ်သံ)

April 16, 2016

အဖွားကို မထိနဲ့ ထွက်သွားဆိုပြီး စတီးပိုက်ကိုင် ကာကွယ်သည့် အာဂကလေးငယ် (ရုပ်သံ)

လမ်းဘေးမှာ တရားမ၀င်ဈေးရောင်းတာကို ဖမ်းဆီးတဲ့ တရုတ်မြို့ပြ စီမံခန့်ခွဲရေးတပ်ဖွဲ့က အဖွားကို တစုံတရာ လုပ်ဆောင်မှာ စိုးတဲ့အတွက်  လမ်းလျှောက်တတ်စကလေးငယ်က စတီးပိုက်ကို ကိုင်ပြီး ကာကွယ်နေတဲ့ ရုပ်သံဖိုင် တရုတ် လူမှုရေး ကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ အဖွားကို မထိနဲ့ ထွက်သွား အဖွားကို မထိနဲ့ဆိုပြီး လမ်းလျှောက်တတ်စကလေးလေးက ထပ်ခါတလဲလဲ အော်ဟစ်နေပြီး သူ့အရပ်ထက် ၂ ဆနီးပါးရှည်တဲ့ စတီးပိုက်ကို ကိုင်ပြီး မြို့ပြစီမံခန့်ခွဲရေး အဖွဲ့တွေကို သွားခိုင်းနေပါတယ်။ ဒီဖြစ်ရပ်ကို ကြည့်နေတဲ့သူတွေရဲ့ ရယ်သံတွေကိုလည်း ရုပ်သံဖိုင်တခုလုံးမှာ ကြားရမှာ ဖြစ်ပါတယ်။ ဝေဘိုမှာ ဒီရုပ်သံဖိုင်ကို သိန်းသန်းချီကြည့်ရှုခဲ့ပြီး ချစ်စရာကောင်းတဲ့ ကလေးငယ်အဖြစ် မှတ်ချက်တွေ ရေးသားခဲ့ပါတယ်။
6 years Ago
Up